အခန်း ၃ : သူတော်စင် နဇိုင်းရယ် မျိုးနွယ်စုသူတော်စင် နဇိုင်းရယ် မျိုးနွယ်စုမှာ အဲလ်ဗစ်က ဂူမန်မန်ကို ပွေ့ထားရင်းပေါ်လာတဲ့အခါ ဆူဆူညံညံဖြစ်သွားစေခဲ့တယ်။ အဲလစ်က အများနဲ့မတူတဲ့အကျင့်စရိုက်ရှိပီး အမတွေနဲ့ထိတွေ့တာကို အလွန်မုန်းတီးတဲ့သူဖြစ်တဲ့အတွက် ဖြစ်တယ်။ မျိုးနွယ်စုရဲ့ အလှဆုံးအမသတ္တ၀ါ နီနာက သူ့ကို မျက်နှာသာပေးကြောင်း မကြာခဏဖော်ပြလေ့ရှိပေမဲ့ သူက သူမကို ပုလိပ်ရောဂါလို ဝေးဝေးကရှောင်လေတယ်။ ရလဒ်အနေနဲ့ ယခုအချိန်ထိ တစ်ကိုယ်တည်းသမားအဖြစ် ကျန်ရှိနေပီး သူက အထီးတွေကိုသာစိတ်ဝင်စားတာဖြစ်ကြောင်း ကောလဟာလတွေလဲ ပြန့်နေလေတယ်။ယနေ့ သူက အမကို ဖက်ထားရင်း နယ်မြေထဲပေါ်လာခဲ့တယ်။ အာရုံစိုက်ခြင်းမရှိဘူးဆိုမှသာ ထူးဆန်းနေမှာ ဖြစ်လေတယ်။အဲလ်ဗစ် လက်ထဲမှာရှိတဲ့ အမက သားကောင်ပေါက်လေးလိုမျိုး သေးငယ်လှတယ်။ သားရေက သူမခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ထားပီး သူမရဲ့ ကြီးမားတဲ့မျက်လုံးသာ မြင်နေရပီး တောထဲမှာ မျက်စိလည်နေတဲ့ သမင်နဲ့တူလှပေတယ်။ သူမက ရိုးသားဖြူစင်တဲ့အငွေ့အသက်ရှိနေပီး သူမကိုပြုံးပြဖို့ကျရှုံးခဲ့လျှင် အားလုံးအနေနဲ့ အကြင်နာကင်းမဲ့တယ်လို့ ခံစားရစေမှာ သေချာတဲ့အချက်ဖြစ်တယ်။သူတို့အနီးကပ်ကြည့်တဲ့အခါမှ ဒါက အဲလ်ဗစ်ရဲ့ ကိုယ်ပိုင်သားရေအထည်မဟုတ်ဘူးလား?.အစ်.........ဘာလုပ်ရမလဲ? အဲလ်ဗစ်က ဖုံးကွယ်ဖို့ကြိုးစားလေလေ အားလုံးကပိုသိချင်လေလေဖြစ်တယ်........."အဲလ်ဗစ် ဒီ အမသတ္တဝါငယ်လေးက ဘယ်ကရောက်လာတာလဲ?" တစ်ယောက်က ဆူညံနေတဲ့လူအုပ်ကြားကနေ ဦိးဆောင်မေးလိုက်တယ်။အဲလ်ဗစ်က မျက်မှောင်ကျုတ်လိုက်ပီး မကျေမနပ်ခံစားလိုက်ရတယ် ........ ဒါပေမဲ့ အခုလူအုပ်ကြီးက အရမ်းကို များပြားလွန်းနေတယ်။ သူတို့ကို ဖြတ်ကျော်သွားဖို့ လွယ်ကူပေမဲ့လည်း ဒီလူတွေက သူ့မျိုးနွယ်စုထဲကသူတွေဖြစ်ပီး မကောင်းတဲ့ရည်ရွယ်ချက်မရှိကြလေဘူး......အကယ်၍ သူသာ အတင်းကျပ်ဖြတ်ကျော်သွားခဲ့ရင် သေဆုံးမှုနဲ့ ဒဏ်ရာရနိုင်မှုက သေချာပေါက်မရှောင်လွှဲနိုင်လေဘူး။ရင်းနှီးတဲ့မျက်နှာတွေကို ကြည့်ပီး အဲလ်ဗစ်က သူကိုယ်သူမလုပ်နိုင်ဘူးလို့ ခံစားလိုက်ရပီး မကြည်မလင်မျက်နှာနဲ့ ပြန်ဖြေလိုက်တယ်။ "သူမကို ခေါ်လာတာ""ခေါ်လာတာလား?" သြဘာပေးတဲ့ လူအုပ်ကြီးနဲ့ဆူညံသွားခဲ့တယ်။ "ငါတို့ရဲ့ သူတော်စင် နဇိုင်းရယ် မျိးနွယ်စုမှာ နောက်ထပ်အဖိုးတန် အမသတ္တဝါ တစ်ယောက်ထပ်ရှိပြီ!! ကောင်းတယ်!!အရမ်းကောင်းတယ်!!"ဂူမန်မန်ရဲ့ နှုတ်ခမ်းက တွန့်ချိုးသွားပီး ဇဝေဇဝါဖြစ်သွားခဲ့တယ်။အမသတ္တဝါ......ဘယ်လို ထူးဆန်းလှတဲ့ နှုတ်ဆက်မှုမျိုးလဲ??ဂူမန်မန်က တစ်ခုမှ ပြန်မပြောနိုင်သေးခင် သူမရှေ့တည့်တည့်ပေါ်လာတဲ့ မျက်နှာကြီးကြောင့် နောက်ကိုယိုင်သွားခဲ့တယ်။ အဲလူက ဘယ်သူဘယ်ဝါဆိုတာ မမြင်ရသေးခင် သူတို့က ရှေ့တိုးလာပီး တရှုံရှုံအနံ့ခံနေကြတယ်။ အဲနောက် သူက ဝမ်းသာအားရစွာ အော်ဟစ်ပြောလိုက်တယ်။ " ဒီအမ သတ္တဝါလေးက တခြားအထီးအနံ့မရှိသေးဘူး သူမက အခုထိ မိတ်ဖက်မရှိသေးတဲ့ အမပဲ...""မိတ်ဖက်မရှိဘူး!!! ဒီအမသတ္တဝါလေးက မိတ်ဖက်မရှိဘူးတဲ့!!!"ဂူမန်မန်က ထပ်သည်းမခံနိုင်တော့ဘူး သူမက သူမရဲ့သေးငယ်ဖြူဖွေးတဲ့လက်ကို အားကုန်ဆန့်ထုတ်ပီး သူမဆီ တရှုံရှုံလုပ်နေတဲ့သူကို ပါးရိုက်လွှတ်လိုက်တယ်။ဂူမန်မန်က သူတို့အသုံးပြုနေတဲ့ "အမ သတ္တဝါ" ဆိုတာ ဘာမှန်းမသေချာသေးပေမဲ့ "မိတ်လိုက်ခြင်း" စကားအသုံးပြုတာကို သူမပထမဆုံးကြားဖူးတာ ဖြစ်တယ်။ တစ်ယောက်ယောက်က ဂူမန်မန်က အပျိုစင်ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျောင်းက ရေဒီယိုကနေကြေညာတာခံလိုက်ရသလိုမျိုး ရှက်ရွံသွားလေတယ်။သူမမျက်နှာက အခုထိ ရှက်သွေးဖြာနေဆဲအချိန်မှာ ဂူမန်မန်က သူမရဲ့ သေးငယ်တဲ့ခေါင်းလေး ပြူထွက်လာပီး ပါးရိုက်ခံလိုက်ရတဲ့သူကို သဲသဲမဲမဲစိုက်ကြည့်လိုက်တယ်။ " မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားရင် အရိုက်ခံရမယ်ဆိုတာ ရှင့်အမေက သင်ပေးမထားဘူးလား??"တိတ်ဆိတ်သွား......ဂူမန်မန်က သူမခေါင်း ပြူထွက်လာကတည်းက သူမဘေးပတ်ဝန်းကျင် လေထုက အေးစက်လာလေတယ်။ အားလုံးက ဂူမန်မန်ကို အမူအယာမရှိတဲ့မျက်နှာတွေနဲ့ ဝိုင်းကြည့်နေကြတယ်။အဲဒီနောက်မှာ ဂူမန်မန်က အန္တရာယ်ကို ခံစားမိလိုက်တယ်။သူမကို နှစ်မီတာလောက်ရှိတဲ့ သန်မာထွားကျိုင်းတဲ့ယောကျာ်းသားတွေ ပတ်လည်ဝိုင်းထားတာ ဖြစ်တယ်။ တစ်မီတာခွဲကျော်ရှိတဲ့ သူမအနေနဲ့ အဲလ်ဗစ်ရဲ့လက်တစ်ဖက်တည်းနဲ့ ချီတာ ခံရတဲ့ ကလေးငယ်လေးလို ဖြစ်နေလေတယ်။ဂူမန်မန်က အဲလ်ဗစ်ချီတာခံထားရတဲ့အချိန်မှာတောင် ဘေးက ယောကျာ်းတွေရဲ့ မျက်လုံးကို တည့်တည့်မကြည့်ရဲလေဘူး။ အဲဒီအချိန်မှာ သူမနောင်တနည်းနည်းရမိတယ်။ သူမနဲ့ ရန်သူကြားက ခြားနားချက်ကြီးမားတဲ့အချိန်မှာ သူတို့ကို ဒေါသထွက်စေတာက ဉာဏ်မရှိတဲ့ လုပ်ရပ်ဖြစ်လေတယ်။ အထူးသဖြင့် ပတ်ဝန်းကျင်က တစ်တစ်ကိုး ကို လှမ်းဆက်သွယ်ပီး ကူညီပေးမဲ့ ဖြတ်သွားဖြတ်လာရော အိမ်နီးနားချင်းအန်တီတွေလဲ တစ်ယောက်မှ မရှိတဲ့ ဒီလို ခေတ်မှာပေါ့.......ကောင်းပြီလေ..... အခုတောင်းပန်ရင် အရမ်းမနောက်ကျသေးဘူးမလား..?ဂူမန်မန်က လူအုပ်ကြီးရိုက်တာမခံရဘဲ တောင်းပန်ပီးပြေလည်ဖို့နည်းကို စဉ်းစားနေတုန်းမှာ အရိုက်ခံလိုက်ရတဲ့ယောကျာ်းက ရုတ်တရက် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တယ်။ သူက အရိုက်ခံထားရတဲ့ ပါးပြင်ကို ညင်သာစွာပွတ်သပ်ပီး သူမဆီမှာ လုံးဝဖမ်းစားအညို့ခံလိုက်ရတဲ့သူမျိုး ပြောလိုက်တယ်။ " အမသတ္တဝါလေးက ငါ့ကိုထိလိုက်တယ်.... သူမက ငါ့ကို သဘောကျတယ်..."ဘာလား???ဂူမန်မန်က မှင်တက်သွားလေတယ်။
BINABASA MO ANG
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...