အခန်း (၇၀) : ဖေဖေလီရာကို ပြန်ပေးကြပါ
ဂူမန်မန်သည် တွေးတောလိုက်ပြီး ...... ကြည့်ရသည်မှာ သူမနည်းလမ်းက အသုံးမဝင်ပေ။ မေးခွန်းပြန်ထုတ်သည့်နည်းလမ်းလည်း ကျရှုံးသွားခဲ့ပြီ.... နောက်ဆုံးလှည့်ကွက်သည်လည်း အဲလ်ဗစ်က လွယ်ကူစွာဖြေရှင်းသွားလေ၏။ ပြဿနာကို တိုက်ရိုက်ဖြေရှင်းရုံမှအပ နည်းလမ်းမရှိတော့ချေ........
ခဏတာတွေးတောလိုက်ပြီးနောက် ဂူမန်မန်သည် ဖြေကြားလိုက်လေသည် "ခေါင်းဆောင်ကို ပိုသဘောကျတယ်...."
"ဘာလို့လဲ...." အဲလ်ဗစ်နှလုံးသားသည် နောက်ဆုံးတွင် မူလအခြေအနေသို့ ပြန်ရောက်ရှိလာပြီးနောက် သူမျက်နှာကြွက်သားများသည် ရုတ်တရက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာသည်ဟု ခံစားမိလိုက်သည်။ အထူးသဖြင့် သူ့နှုတ်ခမ်းထောင့်နေရာ ဖြစ်၏။
ဂူမန်မန်အနေနှင့် သမီးဖြစ်သူသည် မိခင်နှင့်အမြဲရင်းနှီးစွာရှိသည်က ပုံမှန်မဟုတ်ဘူးလားလို့ ပြန်ဖြေလို့မရဘူးမလား...... ထို့ကြောင့် သူမသည် သူမဝတ်စုံအသစ်ကို ထိလိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည် "ဘာလို့လဲဆိုတော့ ခေါင်းဆောင်က ကျွန်မအတွက် အဝတ်အသစ်တွေချုပ်ပေးတယ်.... အစားအစာရှာပေးတယ်.... ကောင်းကောင်းလဲဆက်ဆံပေးတယ်......"
အဲလ်ဗစ်သည် သူနှလုံးသားက အဝါရောင်အနှစ်ဆမ်းထားသကဲ့သို့ အလွန်အမင်း ချိုမြိန်နေကြောင်း ခံစားလိုက်ရ၏။
ဖြေးညှင်းစွာရပ်လိုက်ပြီး အဲလ်ဗစ်သည် ဂူမန်မန်ကို ဂူအပေါက်ဝကို သယ်ဆောင်လာပြီး နံရံမှာ ညှပ်ထားသည့် သားရေကို ဆွဲဖြဲပစ်လိုက်လေသည်။
နဇိုင်းရယ်မျိုးနွယ်စုအပေါ် ကြည်လင်သည့် လအလင်းရောင်ဖြာကျနေမှုက ပိုးလွှာလွှမ်းခြုံထားသကဲ့သို့ ဖြစ်ပေါ်နေပြီး အားလုံးကို အေးချမ်းမှုနှင့် တည်ငြိမ်မှုကို ခံစားစေရန် ပြုလုပ်ပေးနေလေ၏။
အပေါက်အပြင်ဘက်မှာ စောင့်ဆိုင်းနေကြသည့် အမျိုးသားအုပ်စုသည် အဲလ်ဗစ်၏ သားရဲဖိအားကို မခံနိုင်သည့်အခါ ထွက်ခွာသွားကြလေသည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...