အခန်း (၂၈) : ယုန်လား သမင်လား
"မသွားနဲ့" ဂူမန်မန်၏ တုံ့ပြန့်မှုက အဲလ်ဗစ်ထက်တောင် ကြီးမားနေခဲ့ပြီး သူမက အဲလ်ဗစ်လည်ပင်းကို လက်နှစ်ဖက်လုံးဖြင့် ဖက်တွယ်ထားလိုက်သည်။ သူမ သေရင်တောင် ဆင်းမလာဘူးဆိုတဲ့ပုံစံဖြင့် ပြောလိုက်သည်။ " ကျွန်မကိုပါ အတူတူခေါ်သွား..... ရှင်ထွက်သွားပြီးနောက်ပိုင်း နီနာရဲ့ တခြားပါတနာတွေလာပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ"
"ဟမ်" အဲလ်ဗစ်သည် ဂူမန်မန်၏ မှီခိုမှုကို အများကြီးသဘောကျပေမဲ့ သူ့အမျိုးသမီးက သူမဘဝကို ဘယ်လိုလုပ် စိုးရိမ်စိတ်နှင့်နေနေရတာလဲ
အဲလ်ဗစ်သည် နီနာရဲ့ပါတနာတွေနှင့် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်းပြောဆိုသင့်ပြီ ဖြစ်ကြောင်းတွေးလိုက်သည်။
"ရှင်ပဲ ကျွန်မကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်လေ" ဂူမန်မန်က အရှက်မဲ့စွာပြောလိုက်သည်။
"ကောင်းပြီ" အဲလ်ဗစ်က ဂူမန်မန်ခေါင်းကို ညင်သာစွာပွတ်သပ်ပေးပြီး သူ့စိတ်ထဲမှာ ရုတ်တရက်ပေါ်လာသည်က သူမလက်နှစ်ဖက်နှင့် သူမပါးပြင်ကို ထောက်ထားပြီး သူ့ကိုငေးကြည့်နေတဲ့ ချစ်စရာကောင်းပုံရိပ်လေးဖြစ်သည်။
တကယ်တမ်း မနေ့က ကိစ္စဖြစ်သည်။
ဒါပေမဲ့ ထိုအချိန်က သူမသည် သူ့၏ အကူတောင် မဖြစ်သေးချေ။
သူကပျော်ရွှင်သွားပြီး သူ့နှုတ်ခမ်းက အပေါ်သို့ အနည်းငယ် မသိမသာကွေးညွှတ်သွားခဲ့သည်။ ဂူမန်မန်ကို ဂူအပြင်ပွေ့လာသည်။ အပြင်ဘက်ရောက်သည့်အခါ သူ့မျက်နှာအပေါ် နေရောင်ဖြာကျနေပြီး ကောင်းကင်ဘုံကိုးဆင့်က ဆင်းသက်လာတဲ့ စစ်နတ်ဘုရားလိုမျိုး တောက်ပနေလေသည်။
နဇိုင်းရယ်မျိုးနွယ်စုမှာ အဲလ်ဗစ်နှင့်ဂူမန်မန်တို့သွင်ပြင်က ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ ဂူမန်မန်၏ အလှတရားကြောင့် တစိတ်တပိုင်းပါဝင်နေပြီး ဘယ်လောက်ပဲမြင်နေရပါစေ သားရဲလောကမှာ အလွန်အမင်းအံ့သြသင့်စရာ အကောင်းဆုံးဖြစ်သည်။ ထို့အပြင် နတ်ဘုရားပြစ်ဒဏ်လုပ်ထုံးလုပ်နည်း ကိစ္စကြောင့်ဖြစ်သည်။ ခွန့်တ်က ဂူမန်မန်ကို ဘယ်လိုရက်စက်စွာပြုမူခဲ့တာလဲ.....
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...