chapter 42 (Z)

2.5K 248 5
                                    


အခန်း (၄၂) : နီနာ၏ စိတ်ရှုပ်မှု အကြောင်းအရင်း


"ရတာပေါ့ နင်စားလို့ရတယ်" ဂူမန်မန်သည် တခစ်ခစ် ရယ်မောလိုက်ရင်း စန္ဒီဘက် ကျန်ရှိနေသည့် အသားကို လှည့်ပေးလိုက်ပြီး ပြောရင်းပြုံးပြလိုက်သည် "နင်က အရမ်းအဖိုးတန်တဲ့အမျိုးသမီးလေ...... အစားအစာကို အရင်စားသင့်တယ် ဟုတ်တယ်မလား.... ဟုတ်တယ်မလား....."

မစားလိုက်ရသည့် အမျိုးသားသုံးယောက်က အနည်းငယ်စိတ်ပျက်သွားပေမဲ့ အမျိုးသမီးဖြစ်သည့် စန္ဒီကိုပေးလိုက်ခြင်းက အခြားအမျိုးသားတွေကို ပေးလိုက်ခြင်းထက် ပိုကောင်းလေသည်။ ထို့ကြောင့် သူတို့က များများစားစား မပြောကြဘဲ အချင်းချင်း ခေါင်းအသာညိတ်လိုက်ကြသည်။ သူတို့သုံးယောက်ထဲမှာ ကော်လင်းက သဘောအတူညီဆုံးဖြစ်သည်။ သူက ဂူမန်မန်ကို တအံ့တသြကြည့်လိုက်၍ ပြောလိုက်သည်။

"မင်းက ငါတွေ့ဖူးသမျှထဲ အကြင်နာတတ်ဆုံးနဲ့ အနူးညံ့ဆုံး အမျိုးသမီးပဲ...... မင်းက မင်းကိုစိတ်ဝင်စားသူတွေအပေါ်တင် ကောင်းပေးတာမဟုတ်ဘဲ အခြားအမျိုးသမီးတွေအပေါ်လည်း ညင်သာပြီး ရင်းရင်းနှီးနှီးဆက်ဆံပေးတယ်...... ဂူမန်မန်..... မင်း..... မင်းက တကယ်ကို ထူးခြားတယ်.."

ဂူမန်မန်က ချီးကျူးမှုကြောင့် အနည်းငယ်ရှက်သွားခဲ့သည်။ တကယ်တမ်းဆိုလျှင် ယုန်ကင်က သူမ ကျန်သည့်အရာဖြစ်ပြီး ထိုဟာကို ပေးမိပေမဲ့ စန္ဒီက မရွံရှာသည့်အပြင် စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအရာက ဂူမန်မန်ကို အရှက်တရားခံစားမိစေသည်။ ကော်လင်းက ကျယ်လောင်စွာကြေညာလိုက်သည့်အခါ ဂူမန်မန်က ပိုပြီး အပြစ်ရှိစိတ်ခံစားလာရသည်။

"ဒါက ယုန်တစ်ကောင်ပဲလေ.... ရှင်က ပုံကြီးချဲ့ပြောနေတာပါ"

"အတိကျပဲ" စူးရှသည့်အသံကထွက်ပေါ်လာပြီး နတ်ဘုရားပြစ်ဒဏ်စင်မြင့်နေရာရှိ လေထုအပူချိန်လျော့ကျသွားလေသည်။

ဂူမန်မန်က ထိုအသံကိုကြားသည်နှင့် သူမခြေထောက်ကနေစပြီး ကြက်သီးတဖြန်းဖြန်းထလာလေသည်။ ဒါက ကြောက်လန့်မှုကြောင့်မဟုတ်ဘဲ ရွံရှာစိတ်ကြောင့်ဖြစ်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now