chapter 77 (Z)

2.1K 192 7
                                    


အခန်း (၇၇) : ဂူမန်မန် လိုက်မမှီနိုင်တော့ပေ


စန္ဒီသည် ဂူမန်မန်ကို နေ့ဝက်ခန့် နှစ်သိမ့်ပေးလိုက်ရပေမဲ့ သူမသည် အခုထိ အငိုမရပ်သေးချေ။ ဘေးမှာရှိနေသည့် အမျိုးသားများ နှလုံးသားအားလုံးသည် နာကျင်နေပေမဲ့ သူတို့သည်လည်း ဘာလုပ်ပေးရမှန်း မသိ‌ချေ။ လီရာနှင့် အဲလ်ဗစ်သည်ပင် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး သူတို့မတတ်နိုင်သကဲ့သို့ ခေါင်းခါလိုက်ကြသည်။

"ဂူမန်မန်..... ထပ်မငိုပါနဲ့တော့...... နင့်အတွက် ယုန်သား ကင်ပေးရမလားဟင်....." စန္ဒီသည်လည်း  သူမနှလုံးသားကိုဆွဲစုတ်ထားသကဲ့သို့ ခံစားရပြီး သူမစဉ်းစားမိသည့် တစ်ခုတည်းသော အဖြေက အရသာရှိလှတဲ့ယုန်ကင်ဖြစ်၏။

"အဟင့်...... အဟင့်.... အဝါရောင်အနှစ်ရော နည်းနည်းထည့်ပေး...........ဂေ့....." ဂူမန်မန်သည် သူမစိတ်ထဲမှ ခံစားချက်အားလုံးကို ဖွင့်ဟငိုချလိုက်ရသည့်အတွက် နေ၍ ပိုကောင်းလာလေသည်။ ထို့အပြင် စန္ဒီ၏ ဖေးမမှုကြောင့် သူမခံစားချက်များသည် ဖြေးဖြေးချင်း တည်ငြိမ်လာခဲ့လေသည်။

ယမန်နေ့ညက သူမသည် ညစာမစားခဲ့ရပေ။ ညမီးပုံပွဲတွင် အစားကောင်းများရှိမည်ဟု တွေးထင်ကာ သူမသည် အဲလ်ဗစ်ကို အစားအစာမတောင်းခဲ့ခြင်းဖြစ်သည်။ မီးပုံပွဲလို့ခေါ်သည့်အရာက တကယ်တမ်း အမျိုးသားသွေးတွေ စွန်းထင်းသည့်ပွဲဟု မည်သူထင်မည်နည်း.......

တစ်ညတာလုံး ရင်တမမနှင့် နေခဲ့ရသည့်အတွက် ဂူမန်မန်သည် အလွန်ဆာလောင်နေပြီဖြစ်သည်။ ယခု စန္ဒီပြောသောအခါ ဂူမန်မန်သည် ပို၍ ဆိုးဆိုးရွားရွား စားချင်လာလေသည်။

"ဟုတ်ပြီ....ဟုတ်ပြီ... နဇိုင်းရယ်မျိုးနွယ်စုမှာရှိတဲ့ အဝါရောင်အနှစ်တွေအကုန်ပေးမယ်.... မငိုနဲ့တော့နော်....." စန္ဒီသည် ဂူမန်မန်လက်လေးကို ကိုင်ဆွဲထားရင်း သူမမျက်လုံးတွင်  ဂူမန်မန်၏ ပုံရိပ်ထင်ဟပ်နေလေသည်။

စန္ဒီသည် အမှန်တကယ် ဂူမန်မန်ကို တစ်ခါတရံ နားမလည်နိုင်ချေ။ တစ်ခါတရံ သူမသည် အခြားလူများထက် ရဲရင့်နေတတ်ပြီး သူမ၏ အကြောက်တရားကင်းမှုသည် အခြားလူများကို စိတ်ပူနေသော်လည်း သူမက ယုံကြည်အားကိုးရသည့်ပုံ ပေါ်လေသည်။ သို့သော် တစ်ခါတရံ သူမသည် သားပေါက်လေးကဲ့သို့ ကြောက်ရွံနေတတ်ပြီး သူမမျက်ရည်များသည် သူတို့၏ နှလုံးသားကို မချိတင်ကဲ ခံစားရစေသည်။ သို့သော်လည်း သူတို့သည် သူမကို အပြစ်တင် မဝေဖန်ရက်ဘဲ သူမအပြုံးတစ်ပွင့်အတွက် လောကရှိ အကောင်းဆုံးသောအရာများကို ပေးအပ်ချင်ကြသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Unde poveștirile trăiesc. Descoperă acum