အခန်း (၇၄)

2.7K 250 7
                                    


အခန်း (၇၄) : လီရာ၏ အမျက်ဒေါသ


ကော်လင်းသည် ဂူမန်မန်စကားကြားသည့်အခါ သူ့၏ ပထမဆုံးတုန့်ပြန့်မှုက စိတ်လှုပ်ရှာမှုမဟုတ်ဘဲ စိတ်ဂယောက်ဂယက်သာ ဖြစ်သွားလေသည်။

သူသည် မျက်နှာပေါ်မှ သွေးတေွကို သုတ်ပစ်လိုက်ပြီး အလောတကြီး ရှင်းပြလိုက်သည် "ငါက နည်းနည်းလေး ဒဏ်ရာရလာတာပါ..... တစ်ရက် နှစ်ရက်နေရင် ကောင်းသွားမှာ...... မသန်မစွမ်းသားရဲ ဖြစ်မလာပါဘူး...."

ဂူမန်မန်သည် ခဏတာ ကြောင်သွားခဲ့လေသည်။ ကော်လင်း၏ ရည်ရွယ်ချက်ကို နားလည်၍ သူမသည်စတင်၍ စိုးရိမ်လာပြီး သူမအကြောက်တရားကို မေ့ကာ လီရာနောက်မှ ရှေ့တိုးလာခဲ့သည်။ သူမသည် ကော်လင်းဆီ လျှောက်လှမ်းလာရင်း ရှင်းပြလိုက်သည် "ကျွန်မဆိုလိုတာက အဲလိုမဟုတ်ဘူး.....ကျွန်မက......"

"မင်း သူ့ကို ပါတနာအဖြစ်ရွေးချယ်ဖို့ ဆန္ဒမရှိရင် သူ့အတွက် ဂရုစိုက်မနေနဲ့...." လီရာသည် ခြေတစ်လှမ်း နှစ်လှမ်းလောက် ဝေးကွာနေသည့် ဂူမန်မန်ခါးကို ဖက်ကာ သူ့ရင်ခွင်ထဲ ပြန်ဆွဲခေါ်လိုက်လေသည်။ထို့နောက် သူသည် မျှော်လင့်ချက်တွေပြည့်နေသည့် ကော်လင်းမျက်နှာကို ကြည့်ကာ ပြောလိုက်သည် "ဂူမန်မန် ပါတနာဖြစ်လာချင်ရင် ငါ ဒါမှမဟုတ် အဲလ်ဗစ်ကို နိုင်အောင်တိုက်ရမယ်.... အဲလိုမှမဟုတ်ရင် မင်းက ငါတို့ဆီက အသိမှတ်ပြုခြင်းခံရမှာ မဟုတ်ဘူး....."

ကော်လင်းသည် မျက်မှောင်ကျုံ့လိုက်လေသည်။ သူသည် ကိုယ်ပိုင်စွမ်းရည်ကို သိသည့်အပြင် အဲလ်ဗစ်နှင့် လီရာ၏ စွမ်းဆောင်ရည်ကိုလည်း သိပေသည်။ သူတို့နှစ်ယောက်ကို သူ့ဘာသာ အနိုင်တိုက်ဖို့ရန် မဖြစ်နိုင်ချေ။ သို့သော် သူသည် ဂူမန်မန်ကို လက်မလျော့နိုင်ပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ဂရုတစိုက်နှင့် လေးလေးစားစား ကြေညာရင်း စိန်ခေါ်မှုဧရိယာအတွင်းသို့ တက်လှမ်းဝင်ရောက်လာခဲ့သည် "လီရာ ငါ ကော်လင်း မင်းကို စိန်ခေါ်တယ်....."

လီရာသည် ကော်လင်းဆုံးဖြတ်ချက်သည် သူ့ခန့်မှန်းမှုအတွင်း ဖြစ်သကဲ့သို့ သက်တောင့်သက်သာ ခေါင်းညိတ်ပြလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora