အခန်း (၉၇) : အဲလ်ဗစ်နှင့် လီရာ၏ ရေစိုစို ဖျော်ဖြေမှု
ဂူမန်မန်သည် မကြာခင် ထူးဆန်းထွေလာ ဟင်းအမယ်များဖြင့် ရင်ဆိုင်ရမည့် အခိုက်အတန့်ကို သတိမမူမိပေ။ သူမသည် အားလုံးက အင်အားအပြည့်ဖြင့် တက်ကြွနေသည်ကိုမြင်ပြီး သူမသည် ပါးစပ်နားရွက်ချိတ်လုမတတ် အားရပါးရပြုံးလိုက်ပြီး အားလုံးသည်လည်း ဆာလောင်နေသည်ဟု တွေးထင်လိုက်၏။
"ရှင်တို့အားလုံး...." ဂူမန်မန်သည် ဘိုဒီနှင့် အခြားငါးယောက်ကို လက်ဝှေ့ပြလိုက်ပြီး "ငါးနှစ်ကောင်လောက်ဖမ်းဖို့ ကူပေးပါ့လား..."
ဘိုဒီသည် ပြန်မဖြေဘဲ စန္ဒီအား သူမ၏ တုံ့ပြန့်မှုကို စောင့်နေသကဲ့သို့ ကြည့်လိုက်သည်။
စန္ဒီသည် ခေါင်းကိုညိတ်ပြလိုက်ပြီး တွေဝေခြင်းမရှိစွာ ပြောလိုက်သည် "ဒါပေါ့.... ဘိုဒီက ရေကောင်းကောင်း ကူးနိုင်တယ်...."
ဘိုဒီသည် စန္ဒီချီးကျူးမှုတွင် ကျေနပ်သွားပြီး သူအကြည့်တွင် အလိုလိုက်သည့်နှယ် ပြုံးရိပ်သန်းနေပြီး 'မင်းကိုတော့ မတတ်နိုင်ဘူး' ဆိုသည့်ပုံ ပြောနေသကဲ့သို့ သူသည် ခေါင်းကိုညိတ်ကာ ပြောလိုက်သည် "ကမ်းပေါ်မှာ ထိုင်စောင့်နေနော်..... စမ်းချောင်းနား မလာနဲ့နော်.... ဟုတ်ပြီလား...."
စန္ဒီသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဒေါသထွက်နေသည်ဟန် ရှိသည်။ ဂူမန်မန်သည် သူမအား ကူညီရန် တောင်းဆိုပေမဲ့ ဘိုဒီနှင့် အခြားလူများသည် သူ့အား အသုံးမကျသည့် အမှိုက်ကဲ့သို့ ဆက်ဆံနေကြပြီး ကမ်းပေါ်မှာ စောင့်နေခိုင်းလေ၏။
"ကောင်းကောင်းနေနော်...." ဘိုဒီသည် စန္ဒီမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး သူ့အကြည့်သည် သူမကတိကို စောင့်မျှော်နေလေသည်။
"ကျွန်မသိပါတယ်..... မြန်မြန်..သွားတော့လေ...." စန္ဒီသည် ကတိမပေးချင်ပေမဲ့ ထို့ထက်ပို၍လည်း မခုခံချင်ပေ။ အလေ့အကျင့်သည် ကြောက်ဖို့ကောင်းလှ၏။
စန္ဒီဆီမှ ကတိရပြီးသည်နှင့် ဘိုဒီသည် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် စန္ဒီနဖူးပေါ်တွင် အသာအယာ အနမ်းခြွေလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည် "ငါ့ကို စောင့်နေနော်....."
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...