အခန်း (၄၀)

3.3K 347 4
                                    


အခန်း (၄၀) : မင်္ဂလာပါ... ငါက ဂူမန်မန်

လေထဲရှိ အသားကင်အနံ့က သင်းပျံ့နေပြီးဆွဲငင်မှုရှိနေသည်။ အခုချိန်မှာ သူတို့က ဂူမန်မန်လက်ထဲကစားသောက်ဖွယ်ရာက သူတို့စိတ်ကူးထဲကထက် သေချာပေါက် မနှိုင်းယှဉ်နိုင်လောက်အောင် အရသာရှိကြောင်း ယုံကြည်သွားကြသည်။

ဂူမန်မန်က ဒုတိယမြောက်ယုန်ပေါင်ကင်ကို စားတော့မဲ့ဆဲဆဲမှာ လူထုရှေ့မှောက်မှာ လေချဉ်တက်သံကိုကြားလိုက်ရပြီး နတ်ဘုရားပြစ်ဒဏ်နေရာအောက်မှာရှိနေသည့် အမျိုးသားတွေက လမ်းဖယ်ပေးဖို့ရန် ဘေးအတွန်းခံလိုက်ရသည်။ တွန်းပို့ခံလိုက်ရသည့်အမျိုးသားတွေက မကျေနပ်ကြပေမဲ့လည်း ဒီဟာက သူတို့မျိုးနွယ်စုက အမျိုးသမီးဖြစ်ကြောင်းသတိပြုမိခဲ့ကြပြီး သူတို့ခေါင်းကိုရှက်ရွံစွာယမ်းရင်း သူတို့ဘာသာဘေးဖယ်ပေးလိုက်ကြသည်။

"စန္ဒီ ငါတို့တောင်းပန်ပါတယ်..... ဂူမန်မန်လုပ်တဲ့အစာက အရမ်းအနံ့မွှေးနေတာနဲ့ မင်းကိုယ်နံ့ကို သတိမပြုမိလိုက်ကြဘူး...." အမျိုးသားတွေက ဘေးဖက်ကိုရွေ့ရင်းတောင်းပန်လိုက်ကြသည်။

"ရတယ်.....ကိစ္စမရှိဘူး" စန္ဒီက နေရခက်စွာရယ်မောပြီးပြောလိုက်သည်။ သူမက မျိုးနွယ်စုရှိအမျိုးသမီးတစ်ယောက်ဖြစ်ပြီး အမျိုးသားတွေကလည်း သူမကိုကောင်းမွန်စွာဆက်ဆံကြပေမဲ့လည်း အလှထိပ်ခေါင်နီနာနှင့် ယှဉ်လျှင် သူမကလျှစ်လျူရှုခံရလေသည် "ကျွနမလည်း အနံ့မွှေးမွှေးလေးရလို့ လာကြည့်တာ"

"ဝိုး...ဝိုး.... ဂူမန်မန်လုပ်တဲ့အစာက အရမ်းအရသာရှိတဲ့အနံ့လေး....... အဲဒါအပြင် ဂူမန်မန်ကလှရုံတင်မဟုတ်ဘူး ညင်သာပြီးစိတ်ထားလဲနူးညံ့တယ်.....တကယ်လို့ မင်းစားချင်ရင် သူမကိုပြောလိုက်ပါ့လား... သူမ ငြင်းမှာမဟုတ်တာသေချာတယ်" ဂူမန်မန်ရဲ့ နံပါတ်တစ်ထောက်ခံသူက ရှင်းပြလိုက်သည်။

"အင်း.. အင်း... သူမက အဲလ်ဗစ်ကိုတောင် ဝေမျှပေးတာ မြင်လိုက်တယ်..... အမျိုးသားကိုတောင်ဝေမျှပေးရင် အမျိုးသမီးက သေချာပေါက်ရမှာပဲ" ဂူမန်မန်ရဲ့ နံပါတ်နှစ်ထောက်ခံသူက ထပ်ပြောလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now