အခန်း (၅၉)

2.9K 292 0
                                    


အခန်း (၅၉) : အရန်အစားအစာ ဂူမန်မန်

ဂူမန်မန်သည် အဲလ်ဗစ် မျက်မှောင်ကျုံ့တာမြင်ပြီး ပိုစိတ်လှုပ်ရှားလာခဲ့သည့်အတွက် ပြင်းထန်စွာ စီးဆင်းမှုကို ဖြစ်ပေါ်စေ၏။

လီရာပြင်ဆင်ပေးထားသည့် သဘာဝသန့်ရှင်းရေးအခံသည် ဂူမန်မန်၏သွေးတွေကို အားလုံးမစုပ်ယူနိုင်ပေ။ ထို့ကြောင့် အနီရောင်အရည်တွေက သူမပေါင်ကြားမှ စီးဆင်းလာပြီး ဂူမန်မန်၏ မာနအားလုံးကို ခြေမွပစ်လိုက်သည်။

ဘာတွေလဲ.... ဘာတွေလဲ....ဘာတွေလဲ....

သူမဘောင်းဘီကို စိမ့်ထွက်လာခြင်းကပင် ရှက်ဖို့ကောင်းနေပြီ ဖြစ်သည်။ ယခု အဲလ်ဗစ်ရှေ့တွင် စီးကျလာခဲ့၏။ ဂူမန်မန်သည် သူမဘဝတစ်လျှောက်လုံး ထိုမျှ တစ်ခါမှ မရှက်ရွံဖူးပေ.......

ထို့ကြောင့် သူမက ဒူးကိုကွေးထားလိုက်ပြီး ထိုင်ချလိုက်ရင်း အော်ဟစ်လိုက်သည်။

"စားလေ.....စားလိုက်ပါ..... ရှင့်ကို ပြန်မတိုက်ခိုက်နိုင်ဘူး ပြီးတော့ ရှင့်ဆီကလည်း အဝေးမပြေးနိုင်ဘူး.... ရှင် စားချင်တယ်ဆိုရင်တောင် ကျွန်မ ဘာမှ မလုပ်နိုင်ပါဘူး..... ဒါပေမဲ့ ရှင်စားတဲ့အချိန် နည်းနည်း ညင်သာပေးလို့ရမလား..... ကျွန်မ မနာကျင်ချင်ဘူး...... ဟင့်.....ဟင့်...."

အဲလ်ဗစ်သည် ဂူမန်မန်၏ ငိုကြွေးမှုကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ မူလက သူမက ဘာကြောင့် သူ့ကိုကြောက်နေမှန်း မသိရှိခဲ့ပေ ....... ယခု သူမပြောသည့် သူက သူမကို စားမည်ကို ကြားပြီး သူ့မှာ ပြောစရာပျောက်ဆုံးသွားခဲ့သည်။ သူ့၏ဂရုစိုက်မှုနှင့် အလိုလိုက်မှုတွေက သူမအတွက် မလုံလောက်ဘူးလား..... ဒါမှမဟုတ် သားရဲ နတ်ဘုရားလောကမှာ အမျိုးသားတွေက သူတို့အချစ်ကို ထိုသို့ဖော်ပြကြတာလား....

အဲလ်ဗစ်သည် သားရဲနတ်ဘုရားလောကမှာ ဘယ်သူမှ ဂူမန်မန်ကို မနှစ်သက်သည်မှာ အရမ်းကံကောင်းသည်ဟု ခံစားမိ၏။

"ငါမသေမချင်း ဘယ်သူမှ မင်းကို နာကျင်အောင်လုပ်ခွင့် မပေးဘူး... မကြောက်နဲ့တော့နော်...." အဲလ်ဗစ်က ဂူမန်မန်ကို သနားဖွယ်ဖက်ထားလိုက်လေ၏။ နတ်ဘုရားကို ခစားဖို့ရန် စိန်ခေါ်မှုတွေ အများပြားကျော်ဖြတ်ရသည်ကို သူသိလေသည်။ သို့ပေမဲ့ ထိုလောကက အမျိုးသားတွေက ဤမျှ ဆိုးရွားလှသည်ဟု မထင်ခဲ့မိချေ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now