အခန်း (၉၈) : နှာဗူးအား ကြည့်နေသည့် ဇနီးငယ်လေး
အဲလ်ဗစ်နောက်တွင် ဆွဲဆောင်မှုရှိသည့် လီရာရပ်နေခြင်းသည် ဂူမန်မန်၏ ဘဝကို အနိမ့်အမြင့်အတက်အကျ ဖြစ်စေခဲ့သည်။ လီရာသည် ဂူမန်မန်အား သူနှင့်အဲလ်ဗစ်တို့သည် သူမတွေးထင်နေသည့် ဆက်ဆံရေးမျိုးမဟုတ်ကြောင်း ရှင်းပြပြီးပေမဲ့လည်း ထိုမြင်ကွင်းသည် အလွန်ပနံသင့်လှပေသည်။ ဂူမန်မန်သည် သူမနှာခေါင်းမှ နွေးထွေးသည့်ခံစားချက်ရရှိလိုက်သည်။ သေပြီ..... နှာခေါင်းသွေးသည် လမ်းခုလတ်သို့ ရောက်ရှိနေလေပြီ......
"ခေါင်းဆောင်..... ဒယ်ဒီလီရာ.... မြန်မြန်လာလေ...." ဂူမန်မန်သည် စိုးရိမ်သွားလေသည်။ သူမသည် မျိးနွယ်စုတစ်ခုလုံးက သူမကိုကြည့်ရင်း အသုဘရောက်နေသကဲ့သို့ ထပ်မကြုံတွေ့ချင်ပေ။
အဲလ်ဗစ်သည် မျက်မှောင်ကျုံ့လိုက်ပြီး ဂူမန်မန်ဆီ အပြေးအလွှားသွားလိုက်သည်။ သူသည် သူမကို စိုစွတ်နေသည့် သူ့ခန္ဓာကြောင့် မဖက်ရဲပေမဲ့ လေးနက်စွာမေးရင်း သူမပခုံးကို ထိရင်းမေးလိုက်သည် "ဘာဖြစ်လို့လဲ....."
ဂူမန်မန်သည် လက်ကို ခါယမ်းရင်း နေရခက်စွာ ရယ်မောလိုက်သည်။
သူမသည် အဲလ်ဗစ်နှင့်လီရာတို့၏ ဂေးမြင်ကွင်းကြောင့် နှာခေါင်းသွေးယိုလုမတတ်ဖြစ်ခါနီးဟု အမှန်တကယ်ပြောသင့်ရဲ့လား.....
"ဟုတ်လို့လား...." အဲလ်ဗစ်သည် သူမကို သိပ်မယုံကြည်ပေ။
လီရာသည် အဲလ်ဗစ်နောက်မှ လိုက်ပါလာ၍ သူ့နောက်မှ ရပ်နေရင်း တခဏတာ လေ့လာဆန်းစစ်နေလေသည်။ သူသည် သူ့၏ သေးသွယ်ဖြင့် လက်ဖြင့် ဂူမန်မန်နဖူးကို ထိရန် လှမ်းလိုက်သည်။ ကိုယ်အပူချိန်ပုံမှန်ဖြစ်တာ သေချာပြီးသည်နှင့် သူသည် ဂူမန်မန် ရင်ဘတ်ကို လက်ဖဝါးဖြင့် ဖိကပ်လိုက်ပေမဲ့ သူ့နှလုံးသားသည် သူမဖျားနာခြင်းမရှိသည်ကို သိရှိပြီး စိတ်အေးသွားခဲ့ပြီးနောက်တွင် စတင်၍ အရိုင်းဆန်စွာ ခုန်ပေါက်လာခဲ့သည်။
ဤနှလုံးခုန်သံ.....ဘာကြောင့် အရမ်းမြန်နေရတာလဲ.....ကြည့်ရတာ ပိုမြန်လာပုံပဲ.....
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...