အပိုင်း (၂၀)

4.2K 400 3
                                    


Chapter 20: အမျိုးသားတွေလည်း နာကျင်တတ်ကြတယ်


အမျိုးသားအုပ်စုက ဘာရီတီကို 'ဂရုစိုက်ခြင်းကိစ္စ' မှာ ပါဝင်ပြီး စိတ်လှုပ်ရှားနေသည့်အချိန်မှာ ဒဏ်ရာရနေတဲ့ အမျိုးသားက ခလုတ်တိုက် လုမတတ် ပြေးလာခဲ့သည်။

"အဲလ်ဗစ်.... နီနာ ဒဏ်ရာရသွားတယ်"

ဒီစကားက ကျယ်လောင်စွာပြောဆိုခြင်းမဟုတ်ပေမဲ့ လေထုထဲ အအေးဓာတ်ပျံ့လွှင့်လာခဲ့သည်။

မျိုးနွယ်စုအနေနှင့် အမျိုးသမီးတွေထက် အဖိုးတန်သည့်အရာမရှိချေ။ အဘယ်ကြောင့်ဆိုသာ် အမျိုးသမီးတွေက မျိုးနွယ်စုရဲ့ အောင်မြင်မှုအချက်ကို ဆုံးဖြတ်ပေးနိုင်မည့်သူတွေဖြစ်လို့ ဖြစ်သည်။ အမျိုးသမီးတစ်ယောက် ဒဏ်ရာရတဲ့ကိစ္စက မျိုးနွယ်စုအတွက် ပြင်းထန်လေသည်။ အထူးသဖြင့် အမျိုးသမီးသုံးယောက်သာရှိသည့် သေးငယ်သည့် သူတော်စင် နဇိုင်းရယ်မျိုးနွယ်စုထဲမှာ နီနာ ဒဏ်ရာရခြင်းကိစ္စက သေချာပေါက်သေးငယ်တဲ့ကိစ္စရပ်မဟုတ်ချေ။

အဲလ်ဗစ်အနေဖြင့် နီနာကို စိတ်မဝင်စားဘူးဆိုထားပါစေ ဒီကိစ္စကို ဂရုမစိုက်ဘဲမနေနိုင်ချေ။

"နီနာ ဘယ်မှာလဲ" အဲလ်ဗစ်က မျက်မှောင်ကျုံ့ပြီး မေးလိုက်သည်။

"သူမကို လီရာဆီ ပို့လိုက်ပြီ" အမျိုးသားက ပြန်ဖြေကြားလိုက်သည်။

အဲလ်ဗစ်ကခေါင်းကို ညိတ်လိုက်ပြီး အကြည့်ဖြင့် အမျိုးသားကို နီနာအခြေအနေကို အသေးစိတ်ရှင်းပြရန်ညွှန်ကြားလိုက်သည်။

အမျိုးသားက အဲလ်ဗစ်နောက်မှ လိုက်လာပြီး ပြောလိုက်သည် "ဂူဆီပြန်ရောက်သွားတော့ နီနာကို မတွေ့တာနဲ့ လိုက်ရှာတာ...... သူမကို တွေ့တဲ့အခါ သူမခေါင်းကဒဏ်ရာနဲ့ သွေးတွေထွက်ပြီး သတိမေ့နေတဲ့ အခြေအနေနဲ့‌ တွေ့လိုက်ရတာ...... ခွန့်တ် က သူမကို ကုသဖို့ လီရာဆီပို့လိုက်ပြီ .......ကျွန်တော်က ခေါင်းဆောင်ဆီ သတင်းလာအကြောင်းကြားတာ"

အဲလ်ဗစ်က လီရာဂူဆီ လျှောက်လှမ်းရင်းဖြင့် အသေးစိတ်ကိုနားထောင်လိုက်သည်။ သူက ဂူမန်မန်ကို သူမနှင့်ဘာရီတီကိုခွဲဖို့ရန် နီနာဆီအပြေးအလွှားလာခဲ့သည်ဆိုသည့် အချက်ကို သတိပြုမိခြင်းမှ ကာကွယ်ရန် သူမကို တမင်ရည်ရွယ်ချက်ရှိရှိ မကြည့်ချေ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Onde histórias criam vida. Descubra agora