အခန်း (၁၇)

4.5K 414 1
                                    


အခန်း (၁၇) : သေစမ်း...... ဒါကအရမ်းရှက်ဖို့ကောင်းတယ်


ဂူမန်မန်က ဘာရီတီကို စမ်းချောင်းဆီလမ်းလျှောက်ဖို့ရာ ဆွဲခေါ်သွားသည်။ သူမက အဲလ်ဗစ်ကိုရှောင်ရှားဖို့ရန် လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီး လွှတ်မြှောက်ရန်ကြံစည်ထားပေမဲ့ အဲလ်ဗစ်က သူမတို့နှင့်မနီးမဝေးအနေအထားကနေ သုန်မှုန်ပြီးလိုက်လာခဲ့သည်။

အဲလ်ဗစ်ရဲ့နောက်မှာ မျက်လုံးထဲက အသည်းတွေ အနမ်းတွေထွက်ပေါ်နေတဲ့ အမျိုးသားတစ်သိုက် လိုက်ပါလာသည်။ သူတို့က ဘာရီတီကို အဝေးကန်ထုတ်ပစ်ဖို့ရာမစောင့်နိုင်တဲ့ပုံပေါက်နေသည်။ သို့မှသာ နူးညံ့တဲ့လက်ကလေးက သူတို့လက်ကို တွဲကိုင်မည်မဟုတ်ပါလော....... သနားစရာကောင်းတဲ့အရာက သူတို့နှင့်ဘာရီတီကြားမှာ မျက်နှာက မီးသွေးလို မည်းမှောင်နေတဲ့ အဲလ်ဗစ်ရှိနေပြီး တစ်ယောက်မှ အဲလ်ဗစ်ကို ကျော်မတက်ရဲချေ။

စမ်းချောင်းရောက်လာတဲ့အခါ ဂူမန်မန်က သူမနောက်ကျောဘက်က အေးစိမ့်မှုကို တောင့်မခံနိုင်တော့ဘဲ ဘာရီတီကို လွှတ်ပေးလိုက်ပြီး သစ်ပင်ကြီးအောက်မှာ မှီထားစေရင်း "ဒီမှာ ထိုင်ပြီး ခဏလောက်စောင့်နေနော်"

"......အင်း" ဘာရီတီက ဂူမန်မန် သူ့လက်ကိုလွှတ်ပေးပြီးနောက်မှာ စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

သူအနေဖြင့် ဂူမန်မန်ဘာလုပ်ချင်တယ်ဆိုတာ မသိလေဘူး ဒါပေမဲ့ သူက နူးညံ့တဲ့လက်လေးကို တစ်သက်လုံးဆုပ်ကိုင်ထားချင်စိတ်ကို ချုပ်ထိန်းထားရင်း ခေါင်းညိတ်ပြလိုက်သည်။

ဂူမန်မန်က အဖိုးတန်တဲ့ အမသတ္တဝါဖြစ်ပြီး ဘာရီတီအနေနဲ့ သူလက်ကိုတွဲရင်း ဒီလောက်အကြာကြီးလမ်းအတူတူတွဲလျှောက်ပေးတာနှင့်တင် ကျေနပ်သင့်ပြီဖြစ်ကြောင်း တွေးလိုက်သည်။ ဂူမန်မန်ကို သူနှစ်သက်တာတစ်ခုဖြင့် သူအလိုရှိသလို လိုအပ်ချက်တွေကို မတောင်းဆိုသင့်ပေ။ အဲအရာက အမျိုးသမီးတွေဆီက မနှစ်သက်မှုရရှိနိုင်ရုံသာမက တခြားအမျိုးသားတွေရဲ့ ကဲ့ရဲ့ခြင်းကိုလည်းခံရလိမ့်မည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora