အခန်း (၄) : သူမပါတနာကို ငါကိုယ်တိုင်ရွေးပေးမယ်
"အမသတ္တဝါလေး အမသတ္တဝါလေး ငါက ကော်လင်းပါ ငါကသန်မာတဲ့အတွက် မင်းကို ကာကွယ်နိုင်တယ် .... မင်းရဲ့ ပါတနာအဖြစ် ငါ့ကိုရွေးပါ....." "အမသတ္တဝါလေး အမသတ္တဝါလေး ငါက ဘာရီတီပါ ငါ့မှာ ချွန်ထက်တဲ့အစွယ်နဲ့ လက်သည်းတွေရှိတယ်.... မင်းအတွက်ဆို ဘယ်လိုသားကောင်ဖြစ်ဖြစ် ကောင်းကောင်းဖမ်းနိုင်တယ် မင်းသာ ငါ့ပါတနာလုပ်မယ်ဆိုရင် ဘယ်တော့မှ မဆာလောင်စေရဘူး..." "အမသတ္တဝါလေး အမသတ္တဝါလေး..........."အဲလ်ဗစ်ရဲ့ နှုတ်ခမ်းက တွန့်ချိုးသွားခဲ့တယ်။ အကယ်၍ အားလုံးကသာ အသိစိတ်လွတ်လောက်တဲ့အထိ ဂူမန်မန်ရဲ့ အလှတရားမှာ တမ်းတမ်းစွဲမဖြစ်နေခဲ့ရင် သူတို့တွေ သူဒေါသထွက်တော့မှာကို သတိပြုမိကြလိမ့်မယ်။ ဒါက အန္တရာယ်နီးကပ်လာတဲ့ လက္ခဏာဆိုတာ ထင်ရှားတယ်။ဒါပေမဲ့လည်း ကြည့်ရတာ အထီးတွေက ဘယ်ကမ္ဘာရောက်ရောက် ရမ္မက်ကြီးတဲ့သူတွေအဖြစ်ရှိနေဆဲ ဖြစ်တယ်။ဂူမန်မန်က ခန့်ညားတဲ့ယောကျာ်းသားတွေဝိုင်းနေတဲ့ 'ဟယ်လန်ထရိုင်း' ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ပေမဲ့ အမှန်တကယ်ကြုံတွေ့လာတဲ့အခါမှာ သူမက ရှော့ရသွားခဲ့တယ်။ တုန်လှုပ်စွာနဲ့ သူမက အဲလ်ဗစ်ရဲ့လက်မောင်းဆီ ပိုတွန်းဝင်မှီလိုက်တယ်။ သူ့လည်ပင်းကို သူမလက်နဲ့သိုင်းဖက်ထားလိုက်ရင်း အဲလ်ဗစ်ရဲ့ လည်ပင်းဆီသူမမျက်နှာဝှက်ထားလိုက်ပြီး တိတ်တိတ်နေဖို့ဆုံးဖြတ်လိုက်တယ်။အဲလ်ဗစ်က သူ့မျိုးနွယ်စုတချို့ကို ရိုက်ခါနီးဆဲဆဲမှာ သူ့လက်က လေထဲမှာ တစ်ဝက်တစ်ပျက်ရပ်တန့်သွားခဲ့တယ်။ သူ့လည်ပင်းမှာ ခံစားလိုက်ရတဲ့ နူးညံ့ပြီး ညင်သာတဲ့ အသက်ရှုနှုန်းလေးက သူ့ကိုမေ့မြောသွားစေတယ်။ တမူထူးခြားပြီး စွဲမက်စရာကောင်းတဲ့ အမ အနံ့က သူ့ကိုနှောင့်ယှက်နေပေမဲ့လည်း ဂူမန်မန်ရဲ့ ယူံကြည်မှုနဲ့ မှီခိုမှုက သူ့ကို တင်းတင်းကျပ်ကျပ်ဖတ်ထားတဲ့သူမလက်က ရှင်းရှင်းလင်းလင်းဖော်ပြနေလေတယ်။ မငြင်းပယ်နိုင်လောက်အောင် သူမမှီခိုတာ ခံရတဲ့ခံစားချက်ကို သဘောကျတယ်။ဘေးနားက ဆူညံမှုအားလုံးကို မတည်ရှိတော့သလိုခံစားရပြီး သူ့နားက သူမအသက်ရှုသံကိုသာ ကြားနေတယ်။အဲလ်ဗစ်က ဂူမန်မန်ကို လက်တစ်ဖက်တည်းနဲ့ပွေ့ထားပြီး ကျန်တစ်ဖက်က ဂူမန်မန်ကို ဖုံးအုပ်ထားတဲ့သားရေကို လာဆွဲတဲ့သူတွေကို ရိုက်လွှတ်နေပီး ထပ်ခါထပ်ခါ ပြန်လည်ဖုံးအုပ်ထားတယ်။ ဂူမန်မန်ရဲ့ ယုံကြည်မှုခံရတဲ့အတွက် အဲလ်ဗစ်က စိတ်အခြေအနေအရမ်းကောင်းနေပီး မျိုးနွယ်စုတွေကိုင်တွယ်ဖြေရှင်းတဲ့အခါမှာတောင် ပုံမှန်အခြေအနေထက်ပိုညင်သာနေလေတယ်။ စောစောက ကြမ်းနေခဲ့တာ တခြားတစ်ယောက်အလား......"သူမက အခုထိ အသက်မပြည့်သေးတာ ဖြစ်တဲ့အတွက် အခုပါတနာရှာလို့မရသေးဘူး" အဲလ်ဗစ်က အသံနက်ကြီးနဲ့ ပြောလိုက်တယ် "လီရာနဲ့ငါ ကိုယ်တိုင် သူမအရွယ်ရောက်လာတဲ့အခါမှာ ပါတနာရွေးချယ်ပေးမယ်"အဲလ်ဗစ်က ဂူမန်မန်က သားရဲနတ်ဘုရားရဲ့ သတင်းစကားအမှာပေးသူဖြစ်နိုင်တဲ့အကြောင်းကို ထုတ်ဖော်မပြောလေဘူး။ အကြောင်းရင်းတစ်ချက်က သူ့ကိုယ်သူ မသေချာသေးတာရယ် နောက်တစ်ခုက သားရဲမျိုးနွယ်တစ်ခုလုံးက သူမကို သည်းသည်းမဲမဲ လိုချင်ကြရင် ယခုသူတော်စင် နဇိုင်းရယ်မျိုးနွယ်စုအနေအထားနဲ့ သူမကို အပြည့်အဝကာကွယ်ပေးနိုင်စွမ်းမရှိဘူး ဖြစ်တယ်။ ဒါက လီရာနဲ့ သူဆွေးနွေးထားတဲ့အရာဖြစ်ပီး နောက်တစ်ကြိမ် သူတို့ဘဝမှာ သတင်းစကားအမှာပါးသူရောက်လာတာနဲ့ ကြုံခဲ့ရင် သူမကို လိုက်လံရှာဖွေနိုင်ဖို့ဖြစ်ပီး ပြန်တိုက်နိုင်စွမ်းမရှိမချင်း ဒီအချက်အလက်တွေကို လျို့ဝှက်ချက်အနေနဲ့ အရင်သိမ်းဆည်းထားရမှာ ဖြစ်တယ်။ဒီလိုအချိန်အခါမှာ သူတို့လုပ်ဖို့လိုအပ်တာတစ်ခုတည်းသောအရာက သတင်းစကားအမှာပါးသူရောက်လာတဲ့သတင်း ပြန့်နှံ့သွားရင်တောင် သူမကို တခြားသားရဲမျိုးနွယ်စုလက်ထဲကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ ယုံကြည်ချက်ရှိသည်အထိ သူတော်စင် နဇိုင်းရယ် မျိုးနွယ်စုကို အင်အားကြီးသန်မာအောင်ပြုလုပ်ဖို့ ဖြစ်တယ်။ အဲလ်ဗစ်ရဲ့ စကားလုံးတွေက လှုပ်လှုပ်ရွရွဖြစ်နေတဲ့ လူအုပ်ကြီးကို အနည်းငယ်ငြိမ်သက်သွားစေခဲ့တယ်.... ဒါပေမဲ့လည်း အနည်းငယ်သာ ဖြစ်တယ်.......ဘာရီတီက အဲလ်ဗစ်နဲ့မယှဉ်နိုင်ပေမဲ့ မျိုးနွယ်စုထဲမှာ တိုက်ခိုက်မှုအကောင်းဆုံးထဲက တစ်ယောက်ဖြစ်တယ်။ သူက ကျန်တဲ့သူအားလုံးထဲမှာ အထူးချွန်ဆုံးလို့ ယူဆလို့ရတယ်။ ချိုမြိန်တဲ့ သူမအနံ့က သူ့နှလုံးသားကို တစ်ဒိတ်ဒိတ်ခုန်အောင် ပြုစားနေတယ်။ လှပတဲ့မျက်နှာလေးရှိတဲ့အချက်ကို ထည့်မစဉ်းစားရင်တောင် သူမခန္ဓာရဲ့ အနံ့တစ်ခုတည်းနဲ့တင် ဘာရီတီကို သူ့ကိုယ်သူ သူမဆီ ပေးအပ်ရင်း သူ့အသက်ကိုပါ အနစ်နာခံဖို့ ဆန္ဒရှိတာ ဖြစ်တယ်။ အဲကြောင့် သူက ခေါင်းကိုမော့ထားရင်း ရှေ့တိုးလာပြီး ပြောလိုက်တယ် " ခေါင်းဆောင် ကျေးဇူးပြုပီး ဒီအမ သတ္တဝါလေးကို ကျွန်တော်စောင့်ရှောက်ပေးပါ့ရစေ""မင်းလား?" အဲလ်ဗစ်က မျက်ခုံးတစ်ဖက်ပင့်ရင်း ဘာရီတီကို ဒေါသနဲ့ကြည့်လိုက်တယ်?ဘာရီတီက အဲလ်ဗစ်ဆီကနေ ရှိန်လောက်တဲ့ဖိအားကို ခံစားမိတယ်။ ပုံမှန်အခြေအနေဆို ဒူးထောက်ပြီး အရိုသေပေးမိမှာ ဖြစ်ပေမဲ့လည်း အခုချိန်မှာ သူက အံ့ကိုကြိတ်ထားရင်း ကြံကြံခံမတ်တပ်ရပ်နေလေတယ်။ ခေါင်းဆောင်က သူ့ဆုံးဖြတ်ချက်ကို စမ်းသပ်နေတယ်လို့ ခံစားနေရတယ်။အမှန်တော့ ..... ဒါကလှပတဲ့ နားလည်မှုလွဲတာတော့ မဟုတ်လေဘူးအကြောင်းရင်းက အဲလ်ဗစ်ရဲ့ ဒေါသက စမ်းသပ်မှုတစ်ခု မဟုတ်ခဲ့လေဘူး။ အကယ်၍ ဒီမှာရှိတဲ့အားလုံးက လူပျိုမဟုတ်ခဲ့ဘူးဆိုရင် တစ်ယောက်ယောက်ကသာ ဒိတ်လုပ်ဖူးတဲ့ အတွေ့အကြုံရှိခဲ့မယ်ဆိုရင် အဲလ်ဗစ် သဝန်တိုနေတာဖြစ်ကြောင်း ပြောပြနိုင်လိမ့်မယ်။ဘာရီတီက တောင်းဆိုသလိုမျိုး အဲလ်ဗစ်က ဂူမန်မန်နဲ့ ဘာရီတီတို့ နှစ်ယောက်သား အတူပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့အသေးစိတ်ကို စိတ်ကူးယဉ်မြင်ကြည့်လိုက်တယ်။သွေးကြောတွေထောင်လာပီး အဲလ်ဗစ်က ဘာရီတီကို အန္တရာယ်ရှိတဲ့ မျက်စောင်းနဲ့ကြည့်လိုက်တယ်။အဲဒီအချိန်မှာ ဘာရီတီရဲ့ပါးပြင်ကနေ ချွေးတွေစီးကျလာပြီး ပြင်းထန်လွန်းတဲ့ဖိအားက သူ့ကို အသက်ရှုဖို့တောင် ခက်ခဲစေတယ်။ ဒါပေမဲ့ အဲလ်ဗစ်လက်ထဲက သေးငယ်တဲ့ အမသတ္တဝါလေးကို ကြည့်ပီး မြေပြင်ကနေ တစ်လက်မမှ နောက်မဆုတ်ဘဲ မတ်တပ်ရပ်နေလေတယ်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...