အခန်း (၂၁)

4.1K 401 3
                                    


အခန်း (၂၁) : မိန်းကလေးတွေကို ကြွေဆင်းစေမည့် နည်းလမ်းအသစ်လား


အဲလ်ဗစ် အတွေးထဲမျောသွားသည်ကို အခွင့်ကောင်းယူပြီး ဂူမန်မန်သည် သူ့ဆီမှ လွှတ်မြှောက်ဖို့ရန် အကောင်းဆုံးကြိုးစားခဲ့ပြီးနောက် ဘာရီတီဆီ တဟုန်ထိုးပြေးသွားခဲ့သည်။

ထိုပုံရိပ်က ဘာရီတီအတွက် နိဗ္ဗာန်ဘုံလိုဖြစ်နေပေမဲ့ အဲလ်ဗစ်အနေဖြင့် နက်ရှိုင်းလွန်းသော ချောက်နက်ကြီးဖြစ်သည်။

နောက်ဆုံးမှာ အဲလ်ဗစ်က ဂူမန်မန်နောက် မလိုက်ဘဲ မျက်မှောင်ကျုံ့လျှက် လှည့်ထွက်သွားခဲ့သည်။

အမှန်ပဲ...... ယောကျာ်းသားတွေလည်း နာကျင်တတ်ကြသည်

အဲလ်ဗစ် လက်က သူ့ဘယ်ဘက်ရင်အုံကို ဆုပ်ကိုင်ထားပြီး သွေးမထွက်ပေမဲ့ အရိုးကွဲလုမတတ်နာကျင်မှုကို ခံစားနေရသည်။ တနည်းအားဖြင့်ဆိုလျှင် ဒီကိစ္စရဲ့ အဓိကတရားခံက တခြားအမျိုးသားဆီပြေးသွားပြီး ဘာမှမဟုတ်သည့် အပေါ်ယံဒဏ်ရာကို ကုသပေးဖို့ရန် စိတ်အားထက်သန်နေလို့ဖြစ်သည်။

ဂူမန်မန်သည် တကယ်တမ်း သူမအသက်အတွက် ပြေးထွက်လာတာဖြစ်ပြီး အဲလ်ဗစ်ကိုလည်း သိပ်ဂရုမစိုက်မိချေ။ သူမစိတ်က နဇိုင်းရယ်မျိုးနွယ်စုကလူတွေကိုရှောင်ရှားပြီး ထွက်ပြေးလွှတ်မြောက်ဖို့ရန် ကြီးစိုးနေသည်။ ထိုသည်က ဘာရီတီအား ရွေးချယ်ခဲ့သည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ သစ်ကိုင်းကို လက်ဗလာနဲ့ချိုးနိုင်သည့် အဲလ်ဗစ်နှင့် ယှဉ်လျှင် ဒဏ်ရာအပြင်းထန်ရနေသည့် ဘာရီတီက ပိုသင့်တော်သော ရွေးချယ်မှုဖြစ်၏။

သူမ စမ်းချောင်းဆီရောက်သွားသည်အခါ မြင်ကွင်းက အနည်းငယ်ထူးဆန်းနေသည်။

အမျိုးသားအများစုက နီနာအားသွားတွေ့ရန် လီရာဂူဆီ အဲလ်ဗစ်နှင့်အတူ လိုက်ပါသွားကြသည်။ သူတို့ထဲကအများစုက ဂူမန်မန်ကို လိုက်ဖို့ရာ ဆုံးဖြတ်ထားကြပေမဲ့လည်း အမျိုးသမီးတွေက မျိုးနွယ်စုမှာ တန်ဖိုးအထားခံရဆုံးရတနာအနေနှင့် ရှိနေဆဲဖြစ်သည်။ မိတ်မလိုက်ခင် အမျိုးသားတွေအနေဖြင့် မျိုးနွယ်စုရှိ အမျိုးသမီးအားလုံးကို ကာကွယ်ပေးရမယ်ဆိုသည့် တာဝန်သိစိတ်ရှိကြ၏။ ထို့ကြောင့် ယခု နီနာ ဒဏ်ရာအပြင်းထန်ရတဲ့ကိစ္စကို သူတို့အနေနှင့် ဘာဖြစ်ခဲ့လဲဆိုသည့် အကြောင်းရင်းကို ရှာဖွေဖို့လိုအပ်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now