အခန်း (၆၀)

2.9K 310 2
                                    


အခန်း (၆၀) : စန္ဒီ၏ အတုံ့အလှည့် လက်ဆောင်


"ငါပြောပြီးပြီလေ.... သူတို့ကို နာကျင်အောင် မလုပ်ချင်ဘူးလို့......" အဲလ်ဗစ်သည် ခက်ထန်စွာ ပြောလိုက်သည်။ ဂူအပြင်ဘက်မှ ဂူမန်မန်ကို သရေတမြှားမြှားနှင့် စောင့်ဆိုင်းနေသည့် အမျိုးသားအုပ်စုကို မရိုက်နှိက်မိဖို့ရန် မိမိဘာသာ ထိန်းချုပ်ဖို့ ဖြောင့်ဖြနေသကဲ့သို့ ဖြစ်သည်။

"အမ်......" ဂူမန်မန်သည် ချက်ချင်း အရှုံးဝန်ခံလိုက်၏။ သူမက စန္ဒီဘက်သို့ လက်ဝှေ့ပြပြီး ပြောလိုက်သည် "ငါထွက်လာလို့ အဆင်မပြေဘူး.... နင် အထဲဝင်ခဲ့ပါ့လား...."

"ငါ.....ငါမဝင်ရဲဘူး...." စန္ဒီသည် စိတ်ညစ်နေသည့်ပုံစံဖြင့် ခေါင်းကို ငုံ့ကာ အဲလ်ဗစ်ကို မျက်စိထောင့်မှ ခိုးကြည့်လိုက်သည်။ သူမက တကယ်ကို ချစ်ဖို့ကောင်းသည်။

"ခေါင်းဆောင်...." ဂူမန်မန်သည် ဉာဏ်ကောင်းသာသူ ဖြစ်၍ အရင်တစ်ခါ နတ်ဘုရားပြစ်ဒဏ်စင်မြင့်မှာကတည်းက စန္ဒီသည် အဲလ်ဗစ်ကို ကြောက်နေသည့် ပုံပေါ်ကြောင်း သူမသတိထားမိခဲ့သည်။ ထို့ကြောင့် သူမက အဲလ်ဗစ်လက်မောင်းကို ခိုစီးနေသကဲ့သို့ လှုပ်ယမ်းကာ မျက်နှာလိုမျက်နှာရပုံဖြင့် ပြောလိုက်၏။ "ခေါင်းဆောင်.... ကျွန်မ အခုတကယ် နေလို့မကောင်းဘူး..... ကျေးဇူးပြုပြီး ကျွန်မနဲ့ စကားပြောဖို့ စန္ဒီကို ဝင်ခွင့်ပေးလို့ရမလားဟင်......"

အဲလ်ဗစ်သည် ဂူမန်မန်၏ ဦးဆုံးဖက်ထားမှုမှာ ကျေနပ်သွားခဲ့၏။ သို့သော် သူက အသန့်ကြိုက်သူဖြစ်သည့်အတွက် လီရာမှလွဲလျှင် ဂူမန်မန်သည် သူ့ဂူထဲ ဝင်ခွင့်ရသည့် တစ်ဦးတည်းသောသူဖြစ်သည်။ နီနာသည် အဲလ်ဗစ်ဒေါသထွက်အောင်ပြုလုပ်ပြီး သူမ အမျိုးသမီးဖြစ်သည့် အဆင့်တန်းကို မှီခို၍ အဲလ်ဗစ်ဂူသို့ အခွင့်မရှိဘဲ ခဏတိုင်းဝင်သည့်အတွက် အပြစ်ပေးလေ့ရှိသည်။

ထို့ကြောင့် အဲလ်ဗစ်သည် ဘယ်သူကိုမှ သူ့ဂူထဲ ဝင်ခွင့်မပြုကြောင်း နဇိုင်းရယ်မျိုးနွယ်စုရှိ လူအားလုံးသိလေ၏။ သားရဲလောကတွင် အမျိုးသားများ၏ နယ်မြေအပိုင်းခြားကြောင့် အဲလ်ဗစ်အတွက် ထိုမျှ အသန့်ကြိုက်ပြီးလူကြောင်ဖြစ်နေသည်မှာ ပုံမှန်ကိစ္စဖြစ်လေသည်။ အဲလ်ဗစ်သည် စန္ဒီကို ဝင်ခွင့်ပြုခဲ့သည်မှာ ဂူမန်မန်နှင့်သူမသည် သူငယ်ချင်းကောင်းတွေ ဖြစ်သောကြောင့် ဖြစ်သည်။ သို့ပေမဲ့ ဝင်ခွင့်ပေးသည်က သူခွင့်ပြုပေးနိုင်သည့်အမြင့်ဆုံး အခြေအနေဖြစ်ပြီး အခုထိ သူမကို ဂူအတွင်းထိ မဝင်စေချင်ပေ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now