အခန်း (၁၈) : သူမဂုဏ်သိက္ခာ အတင်းကျပ် အဖတ်တင်ကယ်ဆယ်မှု
ဂူမန်မန်က ခဏတာတွေဝေသွားခဲ့သည်။ တကယ်တမ်းဆို သူမအနေဖြင့် အဲလ်ဗစ်နှင့် ဘာရီတီကို အောက်ကနေ ဆွဲချခိုင်းဖို့ အကူညီတောင်းခံတာဖြစ်ဖြစ် ဒါမှမဟုတ် သူမဘာသာခုန်ချတာဖြစ်ဖြစ် ရွေးချယ်လို့ရသည်။ သို့ပေမဲ့ သူမက အရမ်းကို မသင့်တော်တဲ့အပြုအမူနဲ့ သစ်ပင်တက်တဲ့နည်းလမ်းကို သုံးထားတာဖြစ်သည်။ အကယ်၍ သူမက တစ်ယောက်ယောက်ကို သူမအားဖမ်းထားပေးဖို့ရန် အကူညီတောင်းခံမယ်ဆိုရင် အရမ်းအရှက်မဲ့လွန်းရာကျမနေဘူးလား.......
ဂူမန်မန်က ဒီလိုဘယ်သောအခါမှ ပြုလုပ်မှာမဟုတ်ပေ - အင်အားအပြည့်နှင့် စတင်ပြီး ဆိုးရွားစွားအဆုံးသတ်ရခြင်းက ဆိုးလှပေ၏။
ထို့နောက် ဂူမန်မန်က သစ်ရွက်ကို သူမပါးစပ်ထဲကိုက်ထားလိုက်ပြီး တက်ခဲ့တဲ့လမ်းစဉ်အတိုင်းနောက်ပြန်ဖြေးဖြေးချင်းဆင်းလိုက်သည်။ သို့သော်ငြား သူမမှာ နောက်မျက်စိမပါရှိပေ။ ဂူမန်မန်ရဲ့ ဝတ်စုံအဖျားက လက်မောင်းလောက်ရှိတဲ့သစ်ကိုင်းနှင့်ညှိသွားခြင်းက ကိုယ်ဟန်ပျက်သွားစေခဲ့ပြီးသစ်ပင်ပေါ်က ပြုတ်ကျလုဆဲဆဲဖြစ်ခဲ့သည်။
ကံကောင်းစွာဖြင့် ဂူမန်မန်က တုံ့ပြန်နိုင်စွမ်းမြန်ပြီး မြေပြင်ပေါ်အနမ်းပေးမိတ်ဆက်ခြင်းမှကင်းဝေးစေရန် သစ်ကိုင်းကို လက်နှစ်ဖက်လုံးဖြင့် သူမတတ်နိုင်သမျှ ဖက်တွယ်ထားလိုက်သည်။
ဂူမန်မန်က သစ်ရွက်ကိုကိုက်ထားပေမဲ့လည်း ပြုတ်ကျမှုက သူမကို သစ်ရွက်လွှတ်ချဖို့ မလုပ်ဆောင်နိုင်ခဲ့ချေ။ ဒီသစ်ရွက်က အရေးကြီးလွန်းတဲ့အတွက် ဒီလိုအခက်အခဲကြုံကြားမှာ မတုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
အဲလ်ဗစ်က ဂူမန်မန်ရှေ့တိုးလာရင်း သူမဖက်တွယ်ထားတဲ့နေရာအောက် ရပ်ပြီး သူခေါင်းကိုမော့ရင်း အသက်တမျှချစ်လှစွာသော အရွက်နှင့် သစ်ကိုင်းကိုဖက်တွယ်ထားတဲ့ ဂူမန်မန်ကို မော့ကြည့်လိုက်သည်။
သူမက ကံဆိုးလှတဲ့အခြေအနေမှာ ကျရောက်နေသည်။ သူမအဖြူရောင်ဝတ်စုံအပေါ်မှာ အခွံတွေပွစာကြဲလျှက်ရှိနေပြီး ချစ်စရာကောင်းတဲ့မျက်နှာသေးသေးလေးက အညစ်ကြေးတွေနှင့်ပြည့်နေပြီး ညစ်ပတ်နေတဲ့ရုပ်ပေါက်နေသည်။ အခုချိန် သူမက သစ်ပင်မှာတွဲလောင်းကျနေပြီး သစ်ပင်တက်ပြီး ပြန်မဆင်းတတ်တဲ့ မျောက်နှင့်ဆင်တူလှသည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...