အခန်း (၃၁)

3.5K 349 0
                                    


အခန်း (၃၁) : အခု မင်းကို ပြန်ပေးဆွဲလိုက်ပြီ

ခဏတာစဉ်းစားလိုက်ပြီး ဂူမန်မန်သည် ရှေ့တိုးလာပြီး ရင်ကော့ထားရင်း ပြောလိုက်သည် "ဘာရီတီကို တခြားလူတွေကို တားခိုင်းခဲ့တာ ကျွန်မပါ ..... ဘာရီတီရဲ့ အပြစ်မဟုတ်ပါဘူး..... တစ်ယောက်ယောက်ကို အပြစ်ပေးဖို့လိုမယ်ဆိုရင် ကျွန်မကို အပြစ်ပေးပြီး ဘာရီတီကို လွှတ်ပေးလိုက်ပါ...."

ဂူမန်မန်ရဲ့ စကားလုံးတွေက ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။

တစ်ချိန်လုံး အမျိုးသမီးတွေအမှားလုပ်တဲ့အခါ အမျိုးသားတွေသာ ကိုယ်စားအပြစ်ခံပေးကြတာဖြစ်သည်။ အမျိုးသားတစ်ယောက်အတွက် အမျိုးသမီးက အပြစ်ခံပေးမည်ဆိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

မစ္စတာဟိုလီသည် သူ့အပေါ်လူထုရဲ့ အုတ်အော်သောင်းနင်းဖြစ်ခြင်းက သက်ရောက်မှုမရှိသလိုမျိုး၊ လူထုရဲ့စကားသံတွေကို မကြားသလိုမျိုး တည်တည်ငြိမ်ငြိမ်နှင့် ကျန်ရှိနေပြီး ဂူမန်မန်ကို ပြုံးပြီး ကြည့်လိုက်သည် " မင်းက သားရဲနတ်ဘုရားက နှစ်သက်တဲ့ မိန်းမငယ်လေးလေ..... မင်း ဘာလုပ်လုပ် မင်းအပြစ်ပေးခံရမှာ မဟုတ်ဘူး"

ဂူမန်မန်သည် အရမ်းပျော်ရွှင်သွားပြီး မစ္စတာဟိုလီဆီ မေးခွန်းလှည့်မမေးခင် ဘာရီတီကို ကြည့်လိုက်သည် "အဲလိုဆိုရင် ဘာရီတီက ပြစ်ဒဏ်ဆက်ခံဖို့ မလိုတော့ဘူးမလား"

မစ္စတာဟိုလီက ပြုံးပြီး ဆက်ပြောပေမဲ့ ခေါင်းခါလိုက်သည် "သူ မင်းကို မကာကွယ်နိုင်ခဲ့တဲ့အချက်က အပြစ်ပေးဖို့လုံလောက်တယ်"

"ဒါပေမဲ့.... ကျွန်မက သူ့ကိုလိုက်မလာဖို့ ပြောခဲ့တဲ့သူလေ" ဂူမန်မန်က ထပ်ရှင်းပြလိုက်သည်။

"မင်းကို ကတိပေးလိုက်ကတည်းက သူက ဒီလိုပြစ်ဒဏ်ခံယူဖို့ အဆင့်သင့်ဖြစ်နေခဲ့တာပဲ"အမျိုးသားရဲ့ အပြုအမူက အလွန်အမင်းညင်သာနေပေမဲ့ တစ်လက်မမှ လက်လျော့မပေးမည့်ပုံမပေါ်ချေ။

ထိုအရာက ဂူမန်မန်ကို ဒေါသထွက်စေပြီး...... သောက်ကျိုးနည်းသည့် ဘယ်လိုဇာတ်လမ်းလဲ.....

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now