အပိုင်း ၂

9.5K 747 39
                                    

အခန်း ၂

ဒါက တကယ်ကို နာကျင်တယ်ဆိုတော့ သူမ အိမ်မက်မက်နေတာ မဟုတ်ဘူး!!!

ဂူမန်မန် မျက်ရည်မကျဘဲ ငိုကြွေးနေတယ်လို့ ခံစားနေရတယ်။ ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက်များ သူမကို ရှင်းပြနိုင်မလားဆိုတာ ကောင်းကင်ထိ ဟစ်ကြွေးပီး မေးလိုက်ချင်တယ်

သူမက ရက်စက်လှတဲ့ နိုင်ငံကောလိပ်၀င်ခွင့်စာမေးပွဲကိုကြုံတွေ့ခဲ့ပီး ကောလိပ် အက်စ် ကို အောင်မြင်စွာ၀င်ခွင့်ရခဲ့တယ်။ သူမရဲ့လေးနှစ်တာ ကောလိပ်ဘ၀က အခုမှစတင်တာြဖစ်ပီး ရေကူးလိုက်ခြင်းက ဘယ်လိုလုပ် ဒီကိုရောက်လာစေတာလဲ? ဒီ... ဒီနေရာက ဘယ်နေရာလဲ???

ဂူမန်မန်ရဲ့ ဦးနှောက်က ဗလာဖြစ်သွားပီး ဘာမှကို မတွေးခေါ်နိုင်တော့ဘူးဖြစ်တယ်။ ခေါင်းထဲမှာ ပဟေဠိဆန်ဆန်ပေါ်လာတာက သူမအတိတ်ကို ခရီးသွားခဲ့တာလား?? တချို့ပုံပြင်တွေလိုမျိုး?

အဲဒါကိုတွေးမိပီး ဂူမန်မန်က သူမကိုဖက်ထားတဲ့လူသားက တောက်လျှောက်တိတ်ဆိတ်နေခဲ့တယ်ဆိုတာ သတိပြုမိလိုက်တယ်။

ဇာတ်ကြောင်းအရ ပထမဆုံးပေါ်လာတဲ့သူက အဓိကဇာတ်လိုက်ပဲ.... ကောင်းပြီလေ.....

တော်၀င်မျိုးရိုးလား? ဘုရင်လား? ကလန်ခေါင်းဆောင် ဒါမှမဟုတ်ရင် အံ့သြစရာကောင်းတဲ့ဆရာ၀န်လား?

"ဆာ နာမည်ကို သိခွင့်ရှိမလား...?" ဂူမန်မန်က ဒီယောကျာ်းကို သူမစောစောက အသုံးဖြုန်းကြီးပီး တဏှာကြီးတဲ့ သူမပုံစံနဲ့ ကျီစယ်ထားတဲ့ကိစ္စကိုကွက်ပီးမေ့သွားခဲ့တယ်။ ပီးတော့ အတင်းနမ်းခဲ့ပီး "တာ၀န်မယူနိုင်ဘူး" လို့ပြောခဲ့တဲ့ကိစ္စကိုရောပါ မေ့ထားခဲ့တယ်။ ဘာမှမဟုတ်တဲ့ ကိစ္စတွေကို အတူတူမေ့ပစ်ရအောင်လေ.......

ယောကျာ်းက သူရှေ့မှာရှိနေတဲ့ အမသတ္တ၀ါငယ်ကို ကြည့်ပီး သိချင်စိတ်နဲ့ပြည့်နေခဲ့တယ်။ သူမခံစားချက်က အပြောင်းလဲမြန်ပီး သူမရဲ့ လှပသေးငယ်တဲ့မျက်နှာလေးမှာ စွဲမက်စရာအပြုအမူလေးအမြဲရှိနေပီး တခါတရံမှာ ကျီစယ်ကစားချင်တယ် တခါတရံမှာ နှစ်လိုဖွယ်ကောင်းတယ် တခါတရံမှာတော့ သမင်တစ်ကောင်လိုမျိုး ကြောက်ရွံနေတတ်တယ်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now