chapter 12 - zawgyi

4.2K 387 2
                                    


အခန်း (၁၂) : ဂူမန်မန်ရဲ့ မရည်ရွယ်သော စနောက်မှု


ဂူမန်မန်က လှည့်ကြည့်လိုက်ပြီး သူမလွှမ်းခြုံထားခဲ့တဲ့အဝတ်ကို လွှတ်ချလိုက်တဲ့အခါ သူမရဲ့ ဖြူဖွေးချောမွေ့တဲ့အရည်ပြားပေါ်ကနေ ခြေရင်းသို့ တောင်ပံမဲ့လိပ်ပြာလေးလို လျှောကျလာခဲ့သည်။ ဂူမန်မန်က လက်ရှိအဝတ်ချွတ်လိုက်ပြီးနောက် မြန်မြန်ဆန်ဆန် အဲလ်ဗစ်ဌားထားတဲ့အဖြူရောင်အဝတ်ကို ချက်ချင်းဝတ်ဆင်ဖို့လုပ်ဆောင်လိုက်ပေမဲ့ သူမ မျှော်မှန်းထားသလို ဖြစ်မလာချေ။ ပိုပြီး စိုးရိမ်လေလေ သေချာမဝတ်နိုင်လေဖြစ်နေသည်။ အထိတ်တလန့်ကြားမှာ သူ ဝတ်စုံအသစ်ရဲ့အရှေ့အနောက်တောင် မှန်ကန်စွာ ခွဲခြားနိုင်စွမ်းမရှိသလို ဖြစ်နေသည်။

ဂူမန်မန်က ဝတ်စုံအသစ်နဲ့အလုပ်ရှုပ်နေတုန်းမှာ သူမနောက်မှာရပ်နေတဲ့ အဲလ်ဗစ်က ခေါင်းထဲသွေးပြောင်းပြန်စီးလာတယ်လို့ ခံစားလိုက်ရသည်။ သူနှာခေါင်းမှ နွေးထွေးတဲ့အရာတွေစီးဆင်းလာပေမဲ့ ဖယ်ရှားပစ်ဖို့ရာ မကြိုးစားလေဘူး။ သူမရဲ့ ဖြူဖွေးနေတဲ့နောက်ကျောဆီ ဖမ်းစားခံရပြီး အသက်ရှုရပ်တော့မလို ငေးမောကြည့်နေသည်။

အဝတ် ဖြေးညှင်းစွာ ကျဆင်းလာတဲ့မြင်ကွင်းကို ခေါင်းထဲမှာ ထပ်ခါထပ်ခါပြန်တွေးကြည့်မိနေသည်။ အဲမြင်ကွင်းက ဝေဝေဝါးဝါးနဲ့အလှတရား ထပ်ပေါင်းထည့်ထားတဲ့အထူးလုပ်ဆောင်ချက်လိုမျိုးဖြစ်နေပြီး အဲလ်ဗစ်အတွက် မရင်းနှီးတဲ့မြင်ကွင်းတစ်ခုဖြစ်ပေမဲ့လည်း ထပ်ထပ်မြင်တွေ့ချင်မိနေတာ ပုံမှန်ကိစ္စဖြစ်သည်။

သူက ဂူမန်မန်ကို သူ့လက်ထဲတင်းကျပ်စွာဖက်ထားရင်း သူမမငိုကြွေးခင်အထိ အနိုင်ကျင့်ချင်မိသည်။ ဒါပေမဲ့ သူ့ခြေထောက်က လေးကန်နေပြီး တစ်လှမ်းမှ လှုပ်ရှားလို့ မရလေဘူး။

သူ့အသက်ရှုသံက ပြင်းလာပြီး အဲလ်ဗစ်က သူ့ရင်ဘတ်ထဲ မြင်းကောင်ရေတစ်သောင်းဖြတ်ပြေးသလို ခံစားနေရသည်။

သူရဲ့နီရဲနေတဲ့မျက်လုံးတွေကို ကောက်ကျစ်အန္တရာယ်ရှိစွာ မှေးကြည့်လိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Dove le storie prendono vita. Scoprilo ora