chapter 90 (Z)

1.9K 150 6
                                    


အခန်း (၉၀) : ကျွန်မက ရုပ်ချောချောလေးတွေပဲ ကြိုက်တာ

"အို.... အဲဆို ဒယ်ဒီက နင့်ပါတနာကို ခေါ်ဖို့ ဂုဏ်ပုဒ်ပေါ့...... ဟီးဟီး.... ငါလည်း ဘိုဒီကို ဒယ်ဒီဘိုဒီလို့ခေါ်မယ်..." စန္ဒီသည် ဒယ်ဒီ ဝေါဟာရသည် အချစ်လေးနှင့် တူသည်ဟု ယူဆပြီး ထိုအရာသည် ဒေသစကားတစ်ခုဖြစ်ပေမဲ့ သူမစကားမဆုံးခင်တွင် သူမသည် ကြက်သီးများထလာခဲ့၏။ ကြက်သီးထရာကို ရှာဖွေလိုက်သည့်အခါ မီးစွဲနေသည့် သစ်သားချောင်းကို ကိုင်ဆောင်ထားရင်း ပြုံးကာကြည့်နေသည့် လီရာအား တွေ့ရှိလိုက်သည်။ ထိုအပြုံးသည် အေးစက်နေပြီး ခိုက်ခိုက်တုန်စေလေ၏။

ဂျွတ်....

လီရာကိုင်ထားသည့် သစ်သားချောင်းသည် အပိုင်းပိုင်းအစအစ ကျိုးသွားပြီး လီရာဆီ လွှင့်စင်လာလေသည်။ သို့သော် လီရာသည် အာရုံမရှိချေ....ထိုအေးစက်သည့်အပြုံးကို ချိတ်ဆွဲထားဆဲဖြစ်၏။ သူသည် ပြတ်သားစွာ ပြောလိုက်သည် "အဲဂုဏ်ပုဒ်က ငါ့တစ်ယောက်တည်းပိုင်တာ...."

"အို...အို...အို..." စန္ဒီသည် ခေါင်းကိုပုကာ ခေါင်းကို အဆက်မပြတ် ညိမ့်လိုက်လေ၏။ လီရာလို ပါတနာရှိခြင်းက အလွန်ကြောက်စရာကောင်းလှသည်။ သူသည် အမျိုးသမီးများကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ သူသည် အရင်က ထိုသို့မဟုတ်ပေ....အဟင့်.....သူမတကယ်ကို ငိုချင်သော်လည်း သူမကြောက်ရွံလှသည်.... သူမသည် အမှားလုပ်မိသည်ဟု ခံစားမိလေသည်။

လေထုက အနည်းငယ်ကသိကအောက်ဖြစ်လာတာကို မြင်ပြီး ဂူမန်မန်သည် ဟန်ဆောင်ရယ်မောလိုက်ပြီး စန္ဒီလက်ကို ကိုင်ကာ ဖက်ထားရင်း ပြောလိုက်သည်" ဒယ်ဒီက ပါတနာမဟုတ်ဘူးလေ....ဒါက သွေးဆက်ဆံရေးတစ်ခုပဲ.... မိသားစုအချစ်.... ဘယ်လိုအရာပင်ဖြစ်နေပါစေ ဖြတ်တောက်လို့မရတဲ့ ဆက်ဆံရေးမျိုးလေ....ဒါက အလွန်ရိုးရှင်းပေမဲ့ အလွန်လည်း ရှုပ်ထွေးတယ်.... နောင်ကျ ကြုံရင် ထပ်ပြောပြမယ်လေ.... အခုတော့ အသားကင်အကြောင်း ပြောရအောင်..ဟုတ်ပြီလား.."

"အင်း...." စန္ဒီသည် အပြည့်စုံနားမလည်ဘဲ သူမခေါင်းကို ညိတ်ပြလိုက်သည်။ သို့သော် သူမသည် ထပ်၍ မစူးစမ်းချင်တော့ပေ။ သူမသည် ဒယ်ဒီကိစ္စ မြန်မြန်ပျောက်ကွယ်သွားရန်သာ မျှော်လင့်မိ၏။ အကြောင်းရင်းက လီရာ၏ မျက်နှာသည် ပိုမည်းနက်လာပြီး သူသည် အလွန်အမင်း ဒေါသထွက်နေသည့်ပုံတူလေသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now