အခန်း (၁၄) : ခွေးမ!! ထွက်ခဲ့စမ်း!!
"အဲလ်ဗစ် ရှင် ကျွန်မအတွက် မျှတမှုရှိအောင်လုပ်ပေးရမယ်!! အဲခွေးမ သူမက ဘာရီတီကိုအားပေးအားမြှောက်လုပ်ပြီး ကျွန်မရဲ့ပါတနာတွေကိုအနိုင်ကျင့်ခဲ့တယ် ပြီးတော့ ကျွန်မကိုလည်း အရှက်ခွဲသိက္ခာချခဲ့တယ်..... ဟင့် ..... ဟင့်..... သူမက ကျွန်မအလှတရားကို မနာလိုဖြစ်ပြီး လုပ်တာဖြစ်ရမယ်"
အဲလ်ဗစ်ရဲ့သွေးကြောတွေထောင်လာခဲ့သည်။ ဂူမန်မန်ကျီစားမှုရလဒ်ကြောင့် ဖြေဖျောက်စရာနေရာမရှိတဲ့ ဒေါသတွေကို နီနာစကားလုံးတွေက ဒိုင်းနမိုက်သိုလှောင်ရုံထဲသို့ မီးခြစ်ဆံပစ်ချလိုက်သလိုမျိုး သူ့မျက်လုံးထဲဒေါသကို လောင်မြိုက်လိုက်သလို ဖြစ်သွားခဲ့သည်။
အဲလ်ဗစ်က တစ်စက္ကန့်တောင် ရပ်တန့်ခြင်းမရှိဘဲ နီနာဘေးက ဖြတ်ကျော်လျှောက်လှမ်းသွားခဲ့သည်။
ဘာရီတီက နီနာရဲ့ပါတနာတွေနဲ့တိုက်ခိုက်ခဲ့တာလား....ဟဟ......တိုက်ပွဲက အညောင်းပြေအညာပြေ အကြောဆန့်လို့ကောင်းတဲ့အရာပဲ.........
သားရဲတွေကအနံ့ခံကောင်းကြပြီး အဲလ်ဗစ်က အားလုံးထဲကအကောင်းဆုံးဖြစ်သည်။ ဘာရီတီနဲ့ နီနာရဲ့ပါတနာတွေက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပုံရပြီး အဝေးကနေတောင် သွေးနံ့ကို အလွယ်တကူအနံ့ရရှိနိုင်သည်။ အဲကြောင့် အဲလ်ဗစ်က ပြန်မကြည့်ဘဲ သူတို့ရှိရာဆီ တဟုန်ထိုးထွက်သွားခဲ့သည်။
တခြားတစ်နည်းအားဖြင့် အကူညီတောင်းဖို့လာတဲ့ နီနာက အဲလ်ဗစ်နဲ့အတူလိုက်ပါမသွားဘဲ နှာခေါင်းရှုံလိုက်ပြီး လှည့်ကာ အဲလ်ဗစ်ရဲ့ဂူထဲသို့ ဝင်သွားခဲ့သည်။
အဲခွေးမ!! သူမက အဲလ်ဗစ်အနားသွားပြီး သူ့ဝတ်စုံဝတ်ဆင်ရုံသာမက ဂူထဲထိဝင်သွားခဲ့တာလား...... ခွင့်မလွှတ်နိုင်ဘူး..... လုံးဝခွင့်မလွှတ်နိုင်ဘူး! မျိုးနွယ်စုထဲက အလှဆုံးဖြစ်တဲ့ သူမတောင် သူ့ဂူထဲတစ်ခါမှမရောက်ဖူးလေဘူး..... ဒီခွေးမက ဘယ်လိုလုပ်ရောက်သွားတာလဲ.....
အဲဒီအတွေးနဲ့ နီနာက အဲလ်ဗစ်ရဲ့ ဂူဆီ ကျုးကျော်ဝင်ရောက်သွားခဲ့သည်။
KAMU SEDANG MEMBACA
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomansaPoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...