chapter 65 (Z)

2.2K 204 4
                                    


အခန်း (၆၅) : ဘီလီယံနာ အဲလ်ဗစ်

ဂူမန်မန်သည် တစ်ချိန်လုံး မှင်သက်ဆွံအနေခဲ့လေ၏။

ဘာကြီးလဲ......

ဒါက စည်းကမ်းကို ချိုးဖောက်တာပဲ..... ငါတို့တွေက ညီအစ်မတွေလို့ဆိုရင်တောင်....... ဂူမန်မန်အနေနှင့် သူမကို သန့်ရှင်းရေးအခံလဲပေးဖို့ တစ်ယောက်ယောက်က ကူညီသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေ၏။ ဖြစ်စဉ်တစ်လျှောက်လုံးမှာ အဲလ်ဗစ်သည် တဏှာစိတ်မပါရှိဘဲ ချောမွေ့စွာ ဆောင်ရွက်သွားခဲ့ပေမဲ့လည်း သူမအနေနှင့် အရမ်းရှက်ဖို့ ကောင်းလှသည်။

"ခေါင်း...ခေါင်းဆောင်...." ဂူမန်မန်သည် သူမအတွေးတွေကို ရှင်းခဲ့ပေမဲ့ ထိုအခိုက်တန့်မှာ သူမခံစားချက်တွေကို ဖော်ပြဖို့ရန် စကားလုံးရှာမတွေ့ချေ။

"ငါက အနာဂတ်မှာ မင်းမျက်စိ ဖြစ်ပေးမယ်....." အဲလ်ဗစ်အသံသည် အရင်ရှေးခေတ်မှ ဥရောပ စန္ဒယားအသံသကဲ့သို့ ချောမွေ့၍ စိတ်နှလုံးကို တုန်လှုပ်စေမှု ဖြစ်နေသည်။

အမ်..... ဂူမန်မန်သည် ကိုယ့်မျက်နှာကို ပြန်ရိုက်မိသွားသည်။ ခေါင်းဆောင်စကားလုံးတွေမှာ ကြီးမားသည့် သနားမှုကို ခံစားမိနေတာလဲ.... သူမမျိုးရိုးကြောင့် နှိမ်ချဆက်ဆံခံလိုက်ရတာလား.... ဒီလို ဝံပုလွေက ခွဲခြားဆက်ဆံလိုက်သည်လား.....

ဂူမန်မန်သည် တကယ်ကို အော်ဟစ်ပစ်ချင်သည်။ သူမ မမြင်နိုင်သည့် အကြောင်းရင်းက သူအဝင်ပေါက်ကို ကာလိုက်၍ မဟုတ်ဘူးလား.... ငါကန်းနေလို့ မဟုတ်ပါဘူးနော်.... ဟုတ်ပြီလား...

သို့ပေမဲ့ ခေါင်းဆောင်က အခု စိတ်ခံစားချက်ပြင်းထန်နေသည့် ပုံပေါ်နေသည်။ အခုချိန် ဖွင့်ပြောဖို့ အချိန်မှန် မဟုတ်သေးပေ။

ဂူမန်မန်သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အရှုံးပေးသည့်ပုံဖြင့် ခေါင်းအောက်ငုံ့ထားလိုက်လေ၏။

ရှင်သာ ညမြင်ကွင်းနှင့် အမြင်နိုင်ဆုံးလေ......

"မင်းဝတ်စုံအသစ်လဲသင့်တယ်.... ဒီဟာက..... သိပ်မကောင်းဘူး...." အဲလ်ဗစ် မပြောလိုက်သည်က ထိုဝတ်စုံသည် ဂူမန်မန်အနံ့နှင့် ပြည့်နေပြီး အမျိုးသားအားလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေလိမ့်မည်။ သူမ၏ စွဲဆောင်မှုရှိသည့်အခြမ်းကို ပြသဖို့ရန် သူမနှစ်သက်ပေ။ သူမကို စိတ်ဝင်စားနေသည့်သူတွေအပေါ်တွင် ပိုဆိုးလေသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora