အခန်း (၉၁)

2.3K 225 11
                                    


အခန်း (၉၁) : လီရာက သူ့ရုပ်ရည်ကို ရောင်းစားနေတာလား....


"နင့် ကမ္ဘာမှာ အမျိုးသားတွေနဲ့အမျိုးသမီးတွေ အားလုံးက သူငယ်ချင်းကနေ စတင်ရတာလား.....ပြီးတော့ အတွဲတွေဖြစ်လာပြီး နောက်ဆုံးမှာ ပါတနာဖြစ်လာတာလား...." စန္ဒီသည် သူမ၏ ရိုးသားလှသည့် မျက်လုံးအစုံကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းလေးစောင်းရင်း မေးလိုက်၏။

ဂူမန်မန်သည် ခေါင်းကို ညိတ်ရင်း လီရာ၏ အမြီးဖြင့် ကစားနေပြီး ပြန်ဖြေလိုက်သည် "အမြဲတမ်းတော့ မမှန်ဘူး.... ငါတို့တွေမှာ 'မြင်မြင်ချင်းအချစ်' ဆိုတာလည်း ရှိသေးတယ်.... အဲဒါက လူဦးရေအများကြီးထဲက လူနှစ်ဦးကြားမှာ တစ်ယောက်နှင့်တစ်ယောက် နှစ်များစွာကွာဝေးနေပေမဲ့ သူတို့ကိုယ်ပိုင်အခြမ်းကို ရှာဖွေနေကြပြီး မြင်တာနဲ့ တန်းသိကြတယ်....အဲဒီနောက် သူတို့က သူတို့အလိုရှိတဲ့အတိုင်း လက်ထပ်သွားကြတယ်.... အို... လက်ထပ်တယ်ဆိုတာက မိတ်လိုက်တာကို ပြောတာ....."

စန္ဒီသည် ခေါင်းကို ညိတ်လိုက်ပေမဲ့ အလုံးစုံနားမလည်ပေ.... ထို့ကြောင့် ဆက်လက်၍ မေးလိုက်လေ၏ "အဲဆို လီရာကို မြင်မြင်ချင်း မချစ်ဖူးလား...."

"အဟွတ်....အဟွတ်...." ဂူမန်မန်သည် သေလုမတတ် တံတွေးသီးသွားလေ၏။ လီရာကို တိတ်တခိုး ချောင်းကြည့်လိုက်ပြီး သူပြုံးနေသည်ကို မြင်ပေမဲ့ ထိုအပြုံးသည် အဘယ်ကြောင့် အန္တရာယ်များပုံပေါ်ပြီး သူသည် စန္ဒီဆီ ပြေးသွားပြီး သေသည်အထိ လည်ပင်းညှစ်လိမ့်မည်ဟု ခံစားနေရသနည်း....... ဂူမန်မန်သည် စိတ်တွင်းမှ ငြီးတွားလိုက်ပြီး "စန္ဒီ..... နင် ပတ်ဝန်းကျင်ကို သေချာကြည့်သင့်တယ်..... ဘာကြောင့် တစ်ယောက်ယောက်ကို ဆွဲသွင်းနေတာလဲ...."

သို့သော် ပြောပြ၍ မရသည့် ဝေဖန်မှုများသည်လည်း ဝေဖန်မှုများသာဖြစ်ပြီး ဂူမန်မန်သည် ထိုအခြေအနေကို ရှင်းရန် ကြိုးပမ်းလိုက်သည်။ ထို့ကြောင့် သူမသည် ပခုံးတွန့်လိုက်ရင်း "မင်းရဲ့ ရှင်းလင်းချက်ကို စောင့်မျှော်နေတယ်...."ဆိုသည့် လီရာ၏ အကြည့်ကို အပြစ်ရှိစွာ ရှေုာင်ရှားလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora