အခန်း (၅၆)

2.9K 307 0
                                    


အခန်း (၅၆) : ရာဂစိတ် ဖုံးလွှမ်းခြင်း

"သူမကို တစ်ယောက်မှမပိုင်ဘူး..... တစ်ယောက်မှ သူမကို အဝေးခေါ်ဆောင်သွားနိုင်မှာ မဟုတ်ဘူး..." အဲလ်ဗစ်က ဂူမန်မန်ကို ကောက်ရိုးပုံဆီ သယ်ဆောင်သွားပြီး သက်တောင့်သက်သာအိပ်နိုင်ရန် ပြုလုပ်ပေးလိုက်သည်။

လီရာက အဲလ်ဗစ်ထွက်သွားခြင်းကို မတားဆီးခဲ့ပေ။ သူက တိတ်တဆိတ်ကြည့်နေခဲ့၏။ လီရာသည် သူ့စိတ်အခြေအနေကို ပြင်ဆင်ပြီးနောက် အဲလ်ဗစ်က ဂူမန်မန်ကို ချပြီး ပြန်ထွက်လာသည့်အခါ လီရာမျက်လုံးများသည် အရာအားလုံးကို သူရှင်းရှင်းလင်းလင်းသိနေသကဲ့သို့ လေးနက်စွာဖြစ်ပေါ်နေ၏။ သူ့အသံက တည်ငြိမ်နေပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် "မင်း သူမကို ချစ်နေတာပဲ......"

အဲလ်ဗစ်က ပြန်မဖြေခဲ့ပေမဲ့ လီရာကို မျက်မှောင်ကျုံ့လျှက် ပြန်လှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက သတိမမူမိစွာ ခေါင်းညိတ်ပြလိုက်သည်။

အမှန်တိုင်းဆိုလျှင် သူသည် ဂူမန်မန်ကို ချစ်ခင်မြတ်နိုးသည်။ ထိုအချစ်သည် အကြောင်းပြချက်မရှိ ရောက်ရှိလာပြီး သူမအပေါ် လုံးလုံးကြွေဆင်းသွားစေ၏။

လီရာနှင့် သူသည် နဇိုင်းရယ်မျိုးနွယ်စုအတွက် နှစ်များစွာအစီစဉ်ချထားပေမဲ့ တွက်ချက်မှုအများပြားဖြင့် သူ့၏ခုန်နေသည့်နှလုံးသားကို အတွက်မှားမိသည်။

ထို့ကြောင့် ထိုအရာက ချစ်မိသွားသည့်ခံစားချက်ပါ့လား....

ဂူမန်မန်သည် သူမ၏အသက်ဝင်လှပြီးကြီးမားသည့် မျက်ဝန်းများဖြင့် အဲလ်ဗစ်ကို ရင်ခုန်တတ်အောင် သင်ကြားပေးခဲ့၏။

ထို့ကြောင့်ပင် သူက ထိုထူးဆန်းလှသည့် အမျိုးသမီးကို လုံးဝလက်လွှတ်မပေးနိုင်ချေ။

ကံကောင်းစွာပင် ဂူမန်မန်သည် သားရဲနတ်ဘုရား၏ အမှာပါးသူဖြစ်နေသည့်အတွက် မျိုးနွယ်စုနှင့် သူမကြား ရွေးချယ်မှု ပြုလုပ်စရာ မလိုခဲ့ပေ။

လီရာက လုံးလုံး အံ့သြသည့်ပုံ မပေါ်ခဲ့ပေ။

အမှန်တိုင်းဆိုလျှင် ထိုအမျိုးသမီးသည် နတ်ဘုရား၏ အမှာပါးသူဖြစ်ပြီး သူမအပေါ် လူတွေအားလုံးစွဲမက်စေနိုင်သည့် မရေတွက်နိုင်လောက်အောင် များပြား၍ တောက်ပသော အချက်တွေရှိလေ၏။ သူမက လှပသည်၊ အသိဉာဏ်ကြွယ်ဝသည်၊ ကြင်နာတတ်ပြီး ညင်သာနူးညံ့သည်။ အရေးကြီးဆုံးအရာက သူမက သားရဲလောကမှာ အမြင့်ဆုံးလုပ်ပိုင်ခွင့်ရှိသည့် နတ်ဘုရားကို ကိုယ်စားပြုနိင်၏။ သူမဘေးမှာ ရပ်နေသည်ကိုကပင် ဂုဏ်ယူဖွယ်ဖြစ်နေလေပြီ...... ဘာကြောင့်များ တခြားအမျိုးသားတွေက သူမကို မနှစ်သက်ဘဲ နေနိုင်ကြမှာနည်း.......

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now