အခန်း (၂၉)

3.6K 339 3
                                    


အခန်း (၂၉) : အရေခွံနဲ့ စားချင်တာလား


ဂူမန်မန်သည် လုံးဝမှင်သက်သွားခဲ့၏။

စားရမှာ...... အစိမ်းလိုက်စားရမှာလား.....

စားရမှာ အသာထား.... ဂူမန်မန်က ဒီသွေးသံရဲရဲကို မြင်ပြီးနောက် ရွံ့ရှာမှုသာ ခံစားမိလေသည်။ သူမ အနည်းငယ်ပျို့ပြီးနောက် အန်ထွက်မတတ်ဖြစ်ခဲ့သည်။

"ခေါင်းဆောင် ကျွန်မကို မီးနည်းနည်း ပေးသုံးပါ့လား" ဂူမန်မန်က အဲလ်ဗစ်ကို သနားစဖွယ်တောင်းခံလိုက်သည်။

"မီး" အဲလ်ဗစ်က မျက်မှောင်ကျုံ့လိုက်ပြီး ဂူမန်မန်ကို သေချာနားမလည်နိုင်ချေ။

သူ့မှာရှိသရွေ့ ဌားတာအသာထား သူမလိုချင်တဲ့အရာအားလုံးပေးမှာဖြစ်သည်။

သူ့မှာမရှိခဲ့လျှင်တောင် ဘာဆိုတာ သူသိသရွေ့ ဘယ်လိုပဲတန်ဖိုးရှိနေပါစေ သူမအတွက် ရအောင်ယူပေးမှာဖြစ်သည်။

ဒါပေမဲ့.......

မီးလား.....

အဲဒါက ဘာကြီးလဲ.....

ဂူမန်မန်က အဲလ်ဗစ်၏ပုံစံကို မြင်ပြီး အလွန်အမင်း မတရားမှုကို ခံစားလိုက်ရသည်။

သေစမ်း!!! သူတို့နှစ်ယောက်လုံး မှင်သက်သွားခဲ့ကြတာဖြစ်ပြီး သူ့အမူအယာတောင် သူမထက်ပိုအဆင့်မြင့်နေရတာလဲ...... သူက 'မီး' ဆိုတာ ဘာမှန်းမသိတဲ့အရူးဆိုတာ သေချာနေသည်။

ဂူမန်မန်က သက်ပြင်းချလိုက်ပြီး စိတ်ထဲမှာ တိတ်တဆိတ်တွေးတောလိုက်သည် : ဒီအပေါ်ယံအဖွဲ့စည်းက ရုပ်ရည်သွင်ပြင်သာ ကြည့်ကြတာပါ့လား

"ခေါင်းဆောင် ကျွန်မအတွက် သစ်ကိုင်းခြောက်နှစ်ချောင်း ရှာပေးလို့ရမလား ဒီထက်နည်းနည်းတုတ်တာလေး..... အင်း.... ရှင့်လက်မောင်းလောက်......နောက်တစ်ခုက ကျွန်မလက်နှစ်ချောင်းလောက်" ဂူမန်မန်က အဲလ်ဗစ်နားလည်နိုင်ဖို့ရာ လက်ဟန်သုံးပြီး ရှင်းပြလိုက်သည်။

အဲလ်ဗစ်က သူ့လက်ထဲက ယုန်ကိုကြည့်ပြီး ဂူမန်မန်ကို မျှော်လင့်ချက်နှင့် လှည့်ကြည့်လိုက်ပြီး ကမ်းပေးလိုက်သည် "ဒါကို အရင်စားထားလိုက် သစ်သားနည်းနည်းသွားရှာပေးမယ်"

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now