အခန်း (၁၉)

4.3K 421 11
                                    


အခန်း (၁၉) : သူ၏ ထူးခြားသော ဂူမန်မန်


ဂူမန်မန်က သည်လိုနှင့် အဲလ်ဗစ်ရဲ့ အင်အားကြောင့် မြေပြင်သို့ ပိုနီးကပ်လာခဲ့သည်။ သူမမြင်ကွင်းက အဲလ်ဗစ်ရဲ့ မျက်လုံးကနေ မေးရိုးထိ စူးစိုက်ငေးနေပြီးနောက် သူ့လည်ပင်း ...... ထို့နောက် သူ့ရင်ဘတ်.....ဒင်... မြေပြင်ပေါ် ဘေးကင်းစွာရောက်ရှိခဲ့သည်။

ထိုစက္ကန့်အတွင်းမှာ ဂူမန်မန်အနေဖြင့် သူမရဲ့ အင်အားအပြည့်ဖြင့်သစ်ပင်တက်ခဲ့ပြီး ဆင်းလာတဲ့ကိစ္စက အရမ်းကိုရူးမိုက်လွန်းတဲ့အရာဖြစ်ကြောင်း ခံစားသိရှိလာခဲ့သည်။

သူမ မျက်နှာက ခရမ်းချဉ်သီးတစ်လုံးကို နီရဲနေပေမဲ့လည်း မပေါက်ကွဲရဲချေ။ ထို့အစား သူမက အံ့ကိုကြိတ်လိုက်ပြီး ပြောလိုက်သည် "ကျေးဇူးတင်ပါတယ်"

ဒေါသူပုန်ထပြီး သစ်ရွက်နှင့် စမ်းချောင်ဆီပြေးသွားခဲ့ပြီးနောက် သစ်ရွက်ကို ကတော့ပုံပြုလုပ်ပြီး ရေအပြည့်ခပ်လိုက်သည်။ သူမက အဲလ်ဗစ်ကို ကျော်ဖြတ်သွားပြီး တခြားတစ်ဖက်ကို ခေါင်းစောင်းထားရင်း ထွက်မသွားခင်မှာ ထေ့ငေါ့သွားခဲ့သည်။

အဲလ်ဗစ်က မှင်သက်သွားခဲ့သည်။

တကယ်တမ်းဆို.........

သူက သူမကို ကူညီခဲ့တာ မဟုတ်ဘူးလား..... ဒါမှမဟုတ် သူမက သစ်ပင်ပေါ် ဘယ်လောက်ကြာအောင်နေချင်နေတာလဲ.....

ဒါပေမဲ့ ဘာကြောင့် သူမက ဒေါသထွက်နေတာလဲ.......ပြီးတော့ သူမရဲ့ လုံးဝန်းတဲ့ပါးဖောင်းဖောင်းလေးက အရမ်းချစ်ဖို့ကောင်းသည်။

အဲလ်ဗစ်က မာနနှင့်ပတ်သတ်ပြီး ဝေခွဲမရခံစားလိုက်ရသည်။ အကြောင်းရင်းက အမျိုးသမီးတွေက အမျိုးသားတွေကို အမိန့်ပေးလိုက်ရုံသာ လိုတာဖြစ်ပြီး သစ်ရွက်ခူးဖို့ အပင်တက်သည့်ကိစ္စမျိုး လုပ်ဆောင်ဖို့ မလိုအပ်ပေ။ သစ်ပင်ပေါ် ဆင်းသည့်ကိစ္စဆို ဆိုမထားနှင့်......

ဝါး...... သူ့ဂူမန်မန်က အရမ်းကိုထူးခြားလွန်းပြီး ဒီကမ္ဘာမှာ တစ်ယောက်တည်းသာရှိနိုင်သည်။

သို့ပေမဲ့လည်း.......

အဲလ်ဗစ်က သူ့မျက်နှာက ရေခဲရိုက်ထားသလို ဖြစ်နေတဲ့အချိန်မှာတော့ အပြုံးပန်းပွင့်လန်းလာဖို့ဆိုတာ မဖြစ်နိုင်ချေ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now