အခန်း (၇၃)

2.7K 261 0
                                    


အခန်း (၇၃) : လက်ထပ်ရန် တွေ့ဆုံပွဲတွင် ပုံစံပြောင်းလဲခြင်း


လီရာ စကားဆုံးသည်နှင့် ဂူမန်မန်သည် ညမီးပုံပွဲဟုခေါ်သည့် ရှင်းရှင်းပြောရလျှင် အတင်းကြပ်စီစဉ်ပေးသည့် လက်ထပ်ပွဲတွေ့ဆုံမှုကို ရုတ်တရက် အမှတ်ရလိုက်မိ၏။ ကောင်းကင်နတ်ဘုရားနှင့် မိခင်ကမ္ဘာကို တိုင်တည်ပါရစေ........

သူတို့အရွယ်ရောက်တာနဲ့ ဘယ်သူက ချက်ချင်းလက်ထပ်မှာလဲ.......ဘာကြီးလဲ.... သားရဲလောကမှာ ထိုစည်းမျည်းကို သတ်မှတ်ခဲ့တဲ့သူက ဝက်အူတစ်ခုလိုနေတာပဲ ဖြစ်ရမယ်.......

ဂူမန်မန်သည် သူမထိုင်ခုံမှ အပြေးအလွှားရောက်လာပြီး ခေါင်းကိုယမ်းကာ လီရာပေါင်ကို ဖက်ရင်း ပြောလိုက်သည် "ဒယ်ဒီလီရာ..... ဘယ်သူ့ကိုမှ မညှာတာပါနဲ့နော်.... အခြားလူတွေဆီ ပါမသွားချင်ဘူး....."

လီရာသည် သူ့သေးသွယ်ကြီးမားသည့် လက်ဖြင့် ဂူမန်မန်ခေါင်းပေါ်တွင် အရိုးသဏ္ဍာန်ကို တင်ပေးလိုက်ပြီး သူမမြင်ကွင်းတစ်ဝက်ကို သူ့၏ ချောမွတ်သော လက်ကောက်ဝတ်ဖြင့် ဖုံးကွယ်ထားလိုက်၏။ ဂူမန်မန်နေရာမှကြည့်လျှင် လီရာနှုတ်ခမ်းသည် အနည်းငယ်ကွေးညွှတ်သွားသည်ကိုသာ မြင်လိုက်ရသည်။ ထိုအပြုံးသည် ကမ်းတစ်ဖက်တွင် ပွင့်နေသည့် ဘိန်းဖြူသကဲ့သို့ ဆွဲဆောင်မှုရှိနေပြီး သေစေနိုင်လောက်ပေမဲ့လည်း လူများကို နွံထဲရောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိလေသည်။

"မင်းဆန္ဒအတိုင်းပဲ....." လီရာသည် ဂူမန်မန်မျက်နှာမှ အကြည့်လွဲကာ အဲလ်ဗစ်အား ကြည့်လိုက်သည်။ သူတို့ကြားတွင် တစ်ယောက်နှင့် တစ်ယောက် နားလည်နိုင်သည့် သဘောတူညီမှုရှိနေသကဲ့သို့ ခေါင်းညိတ်ပြရင်း ပြုံးပြလိုက်ကြသည်။

သားရဲလောကမှာ အမျိုးသမီးတစ်ယောက်တွင် အမျိုးသားအများအပြားရှိခြင်းက ပုံမှန်ဖြစ်နေပေမဲ့လည်း ဘယ်အမျိုးသားက သူ့အမျိုးသမီးကို တခြားလူနှင့် မျှဝေရန် ဆန္ဒရှိမည်နည်း။ ထိုသည်က သူတို့သည် မတားဆီးရဲသည်နှင့် တားဆီးဖို့ရန် မတတ်နိုင်ခြင်းကြောင့်သာ ဖြစ်လေ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now