အခန်း (၄၈)

3.1K 385 4
                                    


အခန်း (၄၈) : နင်တတ်နိုင်ရင် ပြန်ရိုက်လေ


"ငါ...ငါက... အမျိုးသမီး.... နင်ရိုက်လို့မရဘူး...." နီနာက တုန်လှုပ်နေသည့်အသံဖြင့် ကန့်ကွက်လိုက်သည်။ သူမက ကြောက်ရွံနေပေမဲ့လည်း မခံမရပ်နိုင် ခံစားနေရသည်။

အဓိပ္ပါယ်မရှိတာအသာထား.... ဂူမန်မန်က အေးစက်စွာ လှောင်ပြောင်သရော်လိုက်ပြီး နီနာမျက်နှာကို လက်သီးဖြင့် ထပ်ရွယ်လိုက်သည်။ နီနာက ကြောက်လန့်တကြားနောက်ဆုတ်လိုက်ပြီး ဘောလုံးလို ကွေးထားလိုက်သည်က စိတ်ပျက်စရာကောင်းပြီး ဟာသလဲဖြစ်နေသည်။

သို့ပေမဲ့ ဂူမန်မန်လက်သီးက နီနာနှာဖျားမရောက်ခင် လက်တစ်လုံးအလိုမှာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူမက ကိုယ့်ဘာသာ လက်မဖြင့် ညွှန်ပြလိုက်ပြီး ယုံကြည်ချက်ရှိရှိ ရယ်မောရင်း လှောင်ပြောင်လိုက်သည် "ငါက နင့်ကိုဘယ်လိုဖြစ်ဖြစ်ရိုက်မှာဆိုတော့ နင်တတ်နိုင်ရင် ပြန်ရိုက်ပေါ့"

"နင်....နင်က အရမ်းရိုင်းတယ်" ဂူမန်မန်က သူမကိုထပ်ထိုးဖို့ရည်ရွယ်ချက်မရှိသည်ကို မြင်ပြီး သူမက ယောင်ကိုင်းနေသည့်မျက်နှာဖြင့် သူမအသံက ပါးစပ်ထဲကြက်ဥထည့်ထားသလိုမျိုး မပီမပြင်ပြောနေသည်။

"နင်အမွှမ်းတင်တဲ့အတွက် ကျေးဇူးပဲ" သူမက လက်သီးကို တင်းတင်းဆုပ်ထားလိုက်ပြီး ဂရုမစိုက်စွာရယ်မောလိုက်သည်။ ချစ်စရာကောင်းသည့် စန္ဒီဘက်ပြန်မလှည့်ခင်အထိ မြေကြီးပေါ် သူမ၏ 'သွား' ရှာနေသည့် နီနာကို လျစ်လျှူရှုထားခဲ့သည်။

စန္ဒီအနေဖြင့် နီနာအနိုင်ကျင့်ခံခြင်းမြင်ရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူမအခြေအနေက သနားစဖွယ်ဆိုးရွားလှသည်။ သူမက ဂူမန်မန်ကိုင်တွယ်ဖြေရှင်းပုံက အနည်းငယ်ထူးဆန်းနေပေမဲ့လည်း ဘာဖြစ်လဲ....... အရေးကြီးဆုံးအရာက သူမတို့ဒေါသတွေ ဖြေလျော့ခွင့်ရခဲ့တာဖြစ်သည်။

စန္ဒီက သူမနှုတ်ခမ်းလေးကို ဖိပြီး မသိမသာပြုံးလိုက်သည်။ သူမက ဂူမန်မန်လက်ကို ကိုင်ပြီး ညင်သာစွာပြောလိုက်သည် "နောင်ကျရင် ဒီလို တစ်ယောက်တည်းထွက်မသွားပါနဲ့.... နင် ထိခိုက်ရင် ဘယ်လိုလုပ်မလဲ"

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now