အခန်း (၂၅) : အလွန်နီးကပ်သော လွှတ်မြှောက်မှု
"ခွန့်တ်" ဂူမန်မန် အသံရှု ရပ်ခါနီးဆဲဆဲအချိန်မှာ အသံတစ်သံက သူတို့အပေါ်မှ ထွက်ပေါ်လာခဲ့သည်။
ခွန့်တ်က တွေဝေသွားသလို ခဏရပ်တန့်သွားခဲ့သည်။ သို့ပေမဲ့ နောက်စက္ကန့်မှာ သူလက်ကို ပိုအားထည့်လိုက်ပြီး ဂူမန်မန်ကို တစ်ကြိမ်တည်းဖြင့် အကုန်အဆုံးသတ်ပေးချင်တာ ထင်ရှားသည်။
ဂျွတ်.........
အသံထွက်ပေါ်လာပြီးနောက် ဂူမန်မန်၏ လည်ပင်း တင်းကျပ်မှုလည်း ပြေလျော့သွားခဲ့သည်။ သူမက ရေထဲက လွှတ်မြှောက်လာတဲ့ ငါးလိုမျိုး အလောတကြီး အသက်ဝအောင်ရှုလိုက်သည်။
"အား......!!" ခွန့်တ်ရဲ့ ဆွဲဆွဲငင်ငင်မြည်တမ်းသံက တောအုပ်တစ်ခုလုံး ပြန့်နှံ့သွားသည်။ သွေးတွေရဲနေသည့် လက်ကို သူ့နောက်သို့ပစ်ချလိုက်သည်။
ဂူမန်မန်သည် နူးညံ့သည့်ပွေ့ဖက်မှုအတွင်း ကျရောက်သွားခဲ့ပြီး သူမအသက်ရှုနှုန်း အဆင်ပြေချောမွေ့စေဖို့ရန် သူမနောက်ကျောကို ညင်သာစွာပွတ်သပ်ပေးနေသည်။ ထိုလူက စောစောက ခွန့်တ်လက်ကို ဖြတ်လိုက်သောသူ မဟုတ်သည့်အတိုင်း အရမ်းနူးညံ့နေသည်။
"မကြောက်နဲ့.... မကြောက်နဲ့ အားလုံးအဆင်ပြေသွားပြီ"
ဂူမန်မန်သည် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အင်အားနည်းနေသလို ခံစားနေရပြီး ထိုအမျိုးသား၏ပွေ့ဖက်မှုမှာ ကြောက်တတ်သည့် ကြောင်လေးလို ပြုမူနေလေသည်။ သူ့အသံက တိုးညှင်းပေမဲ့ ဂူမန်မန်က အေးချမ်းမှုကို ခံစားရသည်။ သူက လုံးဝမရင်းနှီးသည့်လူဖြစ်ပေမဲ့ ထိုအခိုက်အတန့်မှာ သူမအတွက် လုံခြုံမှုပေးစွမ်းနိုင်သည်။
ဂူမန်မန်သည် ရုတ်တရက်ထွက်ပေါ်လာသည့် ထိုအမျိုးသားကို ဘာကြောင့်ယုံကြည်မိသလဲဆိုတာ သူမကိုယ်တိုင်နားမလည်နိုင်ခဲ့ချေ။ သူ့ပွေ့ဖက်မှုက အရမ်းနွေးထွေးပြီး သူ့အပေါ် မှီခိုအားထားချင်စိတ်ဖြစ်စေသည်ဟု သူမအနေနှင့် ခံစားရသည်။
"အင်း" ဂူမန်မန်သည် ခြောက်ကပ်နေသောလည်ချောင်းဖြင့် တုံ့ပြန့်မှုတစ်ခုပြောလိုက်ပြီး စကားပြောခြင်း ရပ်တန့်လိုက်သည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...