chapter 32 (Z)

2.9K 265 4
                                    


အခန်း (၃၂) : အမျိုးသားအပေါ် နတ်ဘုရား၏အပြင်းထန်ဆုံးပြစ်ဒဏ်


ဂူမန်မန်က စိတ်ထဲမှာ ကျိန်ဆဲနေခဲ့သည် : သစ်လွင်သည့် ဇာတ်လမ်းလေးမရှိတော့ဘူးလား..... အားလုံးက အမျိုးသမီး.......အမျိုးသမီးချည်းပြောနေကြပြီး နတ်ဘုရားဒေါသအတွက် သူတို့အသက်ကို စတေးရတာထိုက်တန်ရဲ့လား.......

ဂူမန်မန်သည် သူမရှေ့မှာရှိနေသည့် အမျိုးသားနှစ်ယောက်ကိုကြည့်လိုက်ကပြီး တစ်ယောက်က သူမကြောင့်ပြစ်ဒဏ်ခံနေရသည့်သူဖြစ်ပြီး ကျန်တစ်ယောက်က မနေ့ညက သူမကို ကယ်တင်ပေးခဲ့သူဖြစ်သည်။ သူတို့ရဲ့ မိုက်မဲမှုနှင့် အယူသီးမှုတို့ကို မကြိုက်ပေမဲ့လည်း သူမ များများစားစား မပြောခဲ့ပေ။ အကုန်လုံး ခြုံပြောရလျှင် အားလုံးက သူတို့ယုံကြည်ရာ သူတို့လုပ်ခွင့်ရှိတာ ဖြစ်သည်။

သို့ပေမဲ့လည်း ဂူမန်မန်ကို ဘာရီတီနေရောင်အောက်မှာ သုံးရက်တာခံစားနေတာကို ကြည့်ခိုင်းခြင်းက သူမအနေနဲ့ မလုပ်နိင်ချေ။

ထို့ကြောင့် ဘာရီတီနောက်နားထိုင်နေသည့် ဂူမန်မန်က ဘာရီတီကိုလက်မောင်းကို ကိုင်ကာမေးလိုက်သည် "ရှင်က လူပျိုမဟုတ်ဘူးလား... ရှင့်မှာ အမျိုးသမီးလည်းမရှိဘဲနဲ့ နတ်ဘုရားဒေါသ ရှင့်ပါတနာအပေါ်ရောက်သွားမှာကို ဘာလို့စိုးရိမ်နေတာလဲ"

ဘာရီတီက အနည်းငယ်ရှက်သွားပြီး ဂူမန်မန်နှင့် သူ့အသားထိနေသည့် နေရာကိုသာငေးကြည့်နေလေသည်။

ဂူမန်မန်က ကိုယ့်ဘာသာလက်ညိုးထိုး ညွှန်ပြလိုက်ပြီး မေးလိုက်သည် " နတ်ဘုရားဒေါသ ကျွန်မအပေါ်ရောက်လာမှာ စိုးရိမ်တယ်လို့တော့ မပြောနဲ့"

ဘာရီတီက ခေါင်းညိတ်ပြလိုက်သည်။

နတ်ဘုရား၏ ဒေါသက အမျိုးသမီးအပေါ်ကျရောက်လာသည်က အမျိုးသားတွေအပေါ် နတ်ဘုရားချမှတ်ထားသည့် အပြင်းထန်ဆုံးပြစ်ဒဏ်ဖြစ်သည်။

ဂူမန်မန်က သူ့အမျိုးသမီးမဖြစ်သေးပေမဲ့လည်း ဘာရီတီအနေနှင့် သူမဘဝကို အန္တရာယ်ထဲကျရောက်စေနိင်သည့် အခွင့်အရေးကို မယူနိုင်ချေ။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now