အပိုင်း ၆

6.1K 601 1
                                    


အခန်း (၆) : ဂူမန်မန်က သူ့ကို ကြိုက်တာလား


အဲလ်ဗစ်က ဆံပင်ရှုပ်ရှုပ်ရဲ့ အကြံဥာဏ်ကို စကားလုံးတစ်ခုတောင် မဖြေကြားဘဲ သိသာစွာငြင်းပယ်လိုက်တယ်။ သူက လီရာပြောတဲ့စကားကို ထပ်ခါထပ်ခါရေရွတ်ရင်း : အမျိုးသမီးတွေက မျိုးနွယ်စုရဲ့ သန်မာလာဖို့ အခြေခံကျတဲ့အင်အားစုဖြစ်တယ်။ ဘယ်လောက်ပဲ သူစိတ်ဆိုးပေမဲ့ မျိုးနွယ်စုအတွက် သူမကို အသက်ရှင်ခွင့် ပေးထားတာဖြစ်တယ်။

အဲလ်ဗစ်က သူမကို ပြန်မပြောတာ သတိပြုမိပြီးတော့ သူမက ဒေါသချုပ်ထိန်းထားရတဲ့အဲလ်ဗစ်က သူမအလှမှာ နစ်မြောနေတယ်လို့ မှတ်ယူလိုက်တယ်။ ဟုတ်တာပေါ့... သူမက သူတော်စင် နဇိုင်းရယ်မျိုးနွယ်စုမှာ အလှဆုံးဖြစ်ပြီး အသစ်မိန်းကလေးကိုလည်း သူမက ကြင်ကြင်နာနာလက်ခံပေးတယ်။ ယောကျာ်းသားတွေက ဘာလို့ သူမအပေါ်မကြွေဆင်းဘဲ နေနိုင်ရမှာလဲ?

ဒါကိုတွေးလိုက်ပြီး ဆံပင်ရှုပ်ရှုပ်က သူမရဲ့ဝါကျင်ကျင်သွားတွေကို ဖြီးပြပြီး အဆီစုနေတဲ့ ခါးကို ယိမ်းခါရင်း အဲလ်ဗစ်ဆီ နောက်တစ်ကြိမ်ထပ်လျှောက်လာခဲ့တယ်

"နင်!! ငါ့နားကို မလာနဲ့!!" ဂူမန်မန်က ထပ်သည်းမခံနိင်တော့ဘူး။ ဆံပင်ရှုပ်ရှုပ် ရဲ့ ဆိုးရွားလှတဲ့ရုပ်ရည်ကို မမြင်ရလို့ငြား မျက်လုံးအစုံပိတ်ထားပေမဲ့လည်း သူမဆီက အနံ့က အရမ်းကို စူးရှလှတယ်။ သေချာပေါက် သူမက အသက်မရှုဘဲ မနေနိုင်ဘူး။

ဆံပင်ရှုပ်ရှုပ် က ဂူမန်မန်ရဲ့ငိုကြွေးမှုမှာ နောက်ပြန်ဆုတ်သွားခဲ့တယ်။ သူမဘဝမှာ တစ်ယောက်ယောက်က ဒီလိုပြောတာမျိုး တစ်ခါမှမကြုံဖူးလေဘူး။ သူမက တစ်မဟုတ်ချင်းစိတ်ရှုပ်ထွေးသွားခဲ့ပြီး နာခံစွာရပ်တန့်သွားခဲ့တာ ဖြစ်တယ်။

ဂူမန်မန်က ဆံပင်ရှုပ်ရှုပ် ဘာတွေးနေတယ်ဆိုတာ ဂရုမစိုက်လေဘူး။ သူမက ခန့်ညားတဲ့အဲလ်ဗစ်လက်ကို ဖက်တွယ်ရင်း ပြောလိုက်တယ်။ " သူမအနံ့က အရမ်းပြင်းလို့ ကျွန်မ အန်ချင်လာပြီ..... အရင်ဆုံး ကျွန်မကို တခြားတစ်နေရာခေါ်သွားပေးလို့ ရမလား?"

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now