အခန်း (၅၄) : ထိုအရာကို တွေးမိခြင်းက အလွန်ရှက်ဖို့ကောင်းလှသည်
အဲလ်ဗစ်၏ နေထိုင်ရာဂူသို့ ရောက်သည့်တိုင်အောင် ဂူမန်မန်သည် ထိတ်လန့်မှုဖြစ်နေဆဲဖြစ်သည်။
အမျိုးသားတွေက အဲလ်ဗစ်ဂူအပြင်အထိ လိုက်ပါလာကြပြီး သူ့ပိုင်နက်အစွန်းမှာ ရပ်တန့်သွားခဲ့ကြသည်။ အဲလ်ဗစ်၏ ပြင်းထန်လှသည့်သားရဲဖိအားကြောင့် သူတို့သည် အရှေ့သို့တိုးမလာရဲချေ။ သို့ပေမဲ့ သူတို့သည် ထွက်မသွားဘဲ ပတ်ဝန်းကျင်မှာ ယောင်ပေပေလုပ်နေဆဲဖြစ်၏။
ဂူမန်မန်က အကြောက်တရားကြောင့် မျက်ရည်ကျလုမတတ်ဖြစ်လာခဲ့သည်။ သူမက နီနာကိုနိုင်ပေမဲ့လည်း ထိုသန်မာလှသည့် အမျိုးသားအုပ်စုကို နိုင်လိမ့်မည်ဟု မဆိုလိုချေ။
"ခေါင်းဆောင်.... ရှင် ကျွန်မကို သူတို့စားခွင့်မပြုဘူးမလားဟင်...."
အဲလ်ဗစ်၏ မျက်နှာက ပိုမည်းမှောင်လာပြီး သူက အလွန်တရာဆိုးရွားသည့် စိတ်အခြေအနေကျရောက်နေကြောင်း သိသာစေသည်။
သူ့အကူလေးက မျိုးနွယ်စုရှိ လူလွတ်အမျိုးသားအားလုံး၏ ငမ်းငမ်းတက်လိုချင်မှုကိုခံရသည့်အတွက် ဒီအခြေအနေကို ဘယ်သူမှ ပျော်ရွှင်မည် မဟုတ်ပေ။ ထို့အပြင် သူမက သူ့ဘေးနားက တစ်လှမ်းမှမခွာဘဲ သူ့အကူလေးလုပ်မည်ဟု ကတိပေးထားသော်လည်း သူမသည် လီရာကိုတွယ်ကပ်ထားပြီး သူဘက်ကို အနည်းငယ်မျှပင် မကြည့်ပေ။
"ငါက မင်းရဲ့ ခေါင်းဆောင်ဆိုတာတော့ သိသေးတယ်လား ....." အဲလ်ဗစ်က ဒေါသတချို့ဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင်......" ဂူမန်မန်က ငိုရှိုက်သံဖြင့် ငြီးငြူလိုက်သည်။
"စိတ်အေးအေးထား.... သူတို့အလှည့်မရောက်သေးဘူး..."
ဂူမန်မန်က မျက်ခုံးကိုပင့်လိုက်ရင်း ခေါင်းဆောင်..... နောက်ဆုံးမှာ သူမကို စားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီလား....
ဂူမန်မန် စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေဆဲမှာ လီရာက သူမနှင့်ရင်းနှီး၍ နူးညံ့ပြီးဖြူဖွေးနေသည့်သားရေကို ဂူအထဲမှ ယူဆောင်လာခဲ့သည်။ သူက တစ်ဝက်ခေါက်လိုက်ပြီး အလယ်မှာ ဂူမန်မန်မသိသည့် ဆေးရွက်တချို့ထည့်လိုက်သည်။ ဂူမန်မန်သိသည်မှာ သူမအိမ်အောက်ထပ်က တရုတ်ဆေးဆိုင်နှင့် တူညီသော တိုင်းရင်းဆေးအနံ့ပြင်းပြင်းရရှိ၍ ဖြစ်သည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...