အခန်း (၈၁) : အဲလ်ဗစ်နှင့်လီရာကြားမှ ဆက်ဆံရေး
"ရှင်က ကျွန်မ ဒယ်ဒီလီရာလေ......"ဂူမန်မန်သည် လီရာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး သူမဘာသာ ပြန်တွေးလိုက်၏ "အဲလ်ဗစ်ရှေ့မှာ ကျွန်မနဲ့ မိတ်လိုက်ချင်တယ်လို့ ဘာလို့ပြောနေတာလဲ.... အကုန်လုံးက....."
လီရာက မျက်စိမှေးလိုက်ရင်း မေးလိုက်သည် "ဒယ်ဒီက ဘာအဆင့်တန်းလဲ..... အလှလေးနဲ့ အဓိပ္ပါယ်အတူတူပဲလား....."
သေစမ်း.....
ဂူမန်မန်သည် စိတ်ထဲတွင် ပြိုလဲသွားလေပြီ.....
ကလေးမြင်းရုပ်လှုပ်စိလှုပ်စိလေးကို မစီးဖူးဘူးလား..... အဲဒီနေရာမှာ ကလေးသီချင်း 'အဖေရဲ အဖေက အဖိုး'ဆိုတာမကြားဖူးဘူးလား.....
ဂူမန်မန်သည် လီရာကို လူကျင့်ဝတ်နှင့်ဆိုင်သည့် သဘောတရားများကို မပြောပြတတ်တော့ချေ။ သူ့ကို ပြောရင်း မျက်လုံးမှိတ်ပြကာ အချက်ပြလိုက်သည် "အဲလ်ဗစ်က ကြည့်နေတာကို ဘာလုပ်နေတာလဲ...."
လီရာသည် ပိုရှုပ်ထွေးသွားခဲ့သည်။ အဲလ်ဗစ်ကြည့်နေခြင်းက... ပြဿနာ ဘာများရှိလို့လဲ.......အဲလ်ဗစ်က မကန့်ကွက်ပေ....
"လီရာ ကျွန်မပြောပြမယ်..... ရှင် ဒီလိုပြဿနာထပ်ရှာနေမယ်ဆိုရင် အဲလ်ဗစ် တကယ်စိတ်ဆိုးသွားလိမ့်မယ်.... အဲကျ ကျွန်မလည်း မကယ်နိုင်ဘူး...." ဂူမန်မန်သည် လီရာပခုံးကို အားရပါးရပုတ်ကာ ပြောလိုက်လေသည်။
သို့သော် သူမစကားပြီးဆုံးသည်နှင့် အဲလ်ဗစ်သည် နူးညံ့စွာ ပြောလိုက်သည် "ငါ စိတ်မဆိုးပါဘူး....."
သေပြီ.... ဂူမန်မန်သည် အဲလ်ဗစ်အား အံ့သြစွာ ကြည့်လိုက်သည်။ ရုတ်တရက်စိတ်ပျက်မှုကို ခံစားလိုက်ရပြီး လီရာဘက်သို့ လှည့်ကာ ပြောလိုက်သည် "တွေ့လား...ဒီနည်းလမ်းက အသုံးမဝင်ပါဘူးဆို...."
"ဟမ်..." လီရာသည် ဂူမန်မန်မျက်လုံးထဲ ကြည့်လိုက်ပြီး မေးဖျားကို အသာအယာပင့်ကာ သူ့မျက်လုံးနှင့် ဆုံစေလိုက်ပြီး ဖြေးဖြေးချင်း မေးလိုက်သည် "ငါ့မေးခွန်းကို မရှောင်နဲ့..... ဘာလို့ ငါ့ကို ပါတနာအဖြစ်လက်မခံချင်တာလဲဆိုတာ ငါ့ကိုပြော.... ဘာလို့....ငါ့ကို မကြိက်တာလဲ......ဟမ်...."
ESTÁS LEYENDO
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...