chapter 66 (Z)

2.2K 191 3
                                    


အခန်း (၆၆) : မင်း မမြင်နိုင်ဘူး

အဲလ်ဗစ်သည် ဟန်မဆောင်နိုင်ဖွယ် ရယ်မောလိုက်လေ၏။ ဂူမန်မန်သည် အမြဲတမ်းထူးခြားသည်။ သားရဲလောကမှာ ထိုသို့ရတနာအသေးလေးကို ပေးကမ်းတာက ပုံမှန်ကိစ္စဖြစ်ပေမဲ့ သူမအနေနှင့် အရမ်းတန်ဖိုးထားနေပြီး သားရဲလောက၏ အလွန့်လွန် ထူးခြားသောကိစ္စများဖြစ်ပေါ်နေလျှင်ပင် သူမသည် တစ်ချက်လေးမျှ ဂရုစိုက်မည် မဟုတ်ပေ။ ဥကမာအားဖြင့် စန္ဒီက သူမကိုပေးသည့် အဝါရောင်အနှစ်သည် ရှားပါးပေမဲ့လည်း အင်အားကြီးမားသရွေ့ ရရှိနိုင်သောအရာဖြစ်သည်။ နောက်ဥပမာတစ်ခုက ညပုလဲဖြစ်၏။ ထိုအရာက အလင်းရောင်ထုတ်လွှင့်နိုင်ပေမဲ့လည်း ညအမြင်ရှိသည့် သားရဲတွေအတွက် အသုံးမဝင်ချေ။ အမျိုးသမီးများသာလျှင် ထိုပုံပန်းသဏ္ဍာန်ကို နှစ်သက်ပြီး ဆော့ကစားကြတာဖြစ်၏။ သို့ပေမဲ့ ထိုအခိုက်တန့်မှာ ဂူမန်မန်၏ အပြုံးသည် သူမက အရမ်းအဖိုးတန်လွန်းသည့် ရတနာကို ရရှိသကဲ့သို့ ဖြစ်နေလေ၏။

ဂူမန်မန် ညပုလဲနှင့် ကစားနေတာကြည့်ပြီး အဲလ်ဗစ်သည် သူမကို ထိန်းချုပ်မထားနိုင်ချေ။ သူသည် သူမအား ကြမ်းပြင်ပေါ်ချပေးလိုက်ပြီး သူမ နံရံ သို့မဟုတ် တခြားအရာတွေ ဝင်မတိုက်မိစေရန် အလို့ဌာ ဘေးမှ ကာကွယ်ပေးထားလိုက်သည်။ အန္တရာယ်မရှိသရွေ့ သူမကို ကလေးတစ်ယောက် ဂူထဲပြေးနေသလိုမျိုး ပုလဲကို ကိုင်ပြီး ဟိုဟိုဒီဒီတို့ထိနေသောကြောင့် စိတ်တိုင်းကျ ဆော့ကစားခွင့်ပေးထားလိုက်မည်။

အဲလ်ဗစ်သည် ဂူမန်မန်နောက်မှ အသာအယာပြုံးရင်း လိုက်ပါလာလေ၏။ သူ့ဂူကို သူမအနံ့တွေနှင့် ဖုံးလွှမ်းနေပြီး သူ့ပိုင်နက်ကို သူမတည်ရှိမှုနှင့် ပြည့်နေသည်ကို သဘောကျသည်။

"အုစ်......." ဂူမန်မန်သည် အာရုံစိုက်လွန်းပြီး မတော်တဆ ချော်လဲသွားခဲ့သည်။ သူမ မျက်နှာနှင့် ကျခါနီးဖြစ်နေလေ၏။

အဲလ်ဗစ်က သတိပြုမိပြီး ဂူမန်မန်ကို ကြမ်းပြင်နှင့် မိတ်ဆက်ခါနီးတွင် အချိန်မှီ သူမခါးသွယ်သွယ်လေးမှ ဆွဲယူပွေ့လိုက်၏။ ထိုဘေးမှ ကင်းလွှတ်လာသည့် ဂူမန်မန်သည် သက်ပြင်းချလိုက်ပြီး ညပုလဲပေါ်မှ မရှိသည့်ဖုန်တွေကို ခါကာ ပြောလိုက်သည် "တော်သေးတာပေါ့ ကွဲမသွားလို့....."

အဲလ်ဗစ်သည် အနည်းငယ် ဒေါသထွက်သွားလေ၏။ အန္တရာယ်အရှိဆုံးအချိန်မှာ အရေးကြီးသောအရာက မိမိဘာသာကာကွယ်ဖို့ ဖြစ်၏။ သူသာ သူမကို ဆွဲမထားမိလျှင် သူမလက်သည် အခုချိန် ပွန်းပဲ့ဒဏ်ရာနှင့် ပြည့်နေမှာဖြစ်သည်။ သို့သော် သူမက ထိုဘာမှမဟုတ်သည့် ပုလဲကိုကာကွယ်ဖို့အတွက် ထိုသို့လုပ်ခဲ့သည်ဟု ပြောနေသည်လား.....

အဲလ်ဗစ်သည် သူမဂျိုင်းကြားမှ မြှောက်ချီလိုက်ပြီး သူအရပ်နှင့် တန်းတူထားလိုက်လေ၏။ သူက အသံနိမ့်ဖြင့် ပြောလိုက်သည် "ဘယ်လိုအခြေအနေမဆို ကိုယ့်ဘာသာ အရင် ကာကွယ်မယ်လို့ ငါ့ကို ကတိပေးပါ....."

"ဒါပေမဲ့ ဒီပုလဲက ခေါင်းဆောင်က ကျွန်မကို ပေးထားတဲ့ ပထမဆုံးလက်ဆောင်လေ......" ညပုလဲအလင်းရောင်မှိန်မှိန်အောက်မှာ ရိုးသားသောဂူမန်မန်ပုံစံက အဲလ်ဗစ်၏နှလုံးသားကို တိုက်ရိုက်ထိလေ၏။

အဲလ်ဗစ်၏ နှုတ်ခမ်းသည် မထိန်းချုပ်နိုင်စွာ တွန့်ချိုးသွားပြီး ပြုံးလိုက်လေ၏။ ညပုလဲ၏ အလင်းရောင်က အလွန်မှိန်နေခြင်းကြောင့်သာ မဟုတ်လျှင် ဂူမန်မန်သည် အဲလ်ဗစ်အပြုံးကို သေချာပေါက် မှင်သက်သွားလိမ့်မည်။ "အချိန်ပြည့်ပြီ..... မင်းကို နောက်ထပ်ဝတ်စုံဝတ်ဖို့ ကူပေးမယ်....." သူသည် ဂူမန်မန်၏ ပထမဆုံးပါတနာဖြစ်လာဖို့ ထပ်မစောင့်နိုင်ချေ။

"အမ်....." ဂူမန်မန်သည် ထိုအရာကို သူမလျှာကို ကိုက်လုနီးပါးဖြစ်ခဲ့လေ၏။ သန့်ရှင်းရေးအခံလဲပေးစဉ်က အရှက်ရမှုတောင် မကွယ်ပျောက်သေးချေ။ သူမကို နောက်ထပ် လဲပေးဦးမည်လား....... ထိုသို့ဆိုလျှင် သူမက အားလုံးကို ဖော်ထုတ်သလို ဖြစ်မသွားဘူးးလား..... မဖြစ်နိုင်ဘူး...... မဖြစ်နိုင်ဘူး..... ဂူမန်မန် ခေါင်းထဲမှာ သံစုံတီးဝိုင်းလို ဆူညံနေပြီးနောက် ပြောလိုက်သည် "အဆင်ပြေတယ်..... ခေါင်းဆောင်.....ကျွန်မဘာသာ အဝတ်လဲလိုက်မယ်...."

"မင်း မမြင်ရဘူး...." အဲလ်ဗစ်သည် ထပ်ပြောလိုက်သည်။

"ကျွန်မ မြင်ရတယ် ..... မြင်ရတယ်..... ကျွန်မမှာ ခေါင်းဆောင်ပေးထားတဲ့ ညပုလဲရှိတယ်လေ......" ဂူမန်မန်သည် ခြောက်ကပ်ကပ်ရယ်မောလိုက်ရင်း သူမလက်ထဲမှ ပုလဲကို မြှောက်ပြလိုက်ပြီး အဲလ်ဗစ်ကို သူမအမှန်တကယ်မြင်ရကြောင်း အချက်ပြလိုက်လေ၏။

သို့သော်လည်း......

အဲလ်ဗစ်သည် အားအနည်းငယ်မထည့်ခင်......ဂူမန်မန်လက်သီးအရွယ်စားရှိသည့် ပုလဲကို သာမာန်လူတစ်ယောက်က လိမ္မော်သီးကိုင်ထားသကဲ့သို့ လက်တဖက်တည်းဖြင့် ယူလိုက်သည်။

ဂျွတ်......

တောက်ပနေသည့် ညပုလဲသည် လိမ္မော်သီး ကြေမွသွားသကဲ့သို့ အချေခံလိုက်ရပြီး ပြန်မပြင်နိုင်သည့် အနေအထားထိ ရောက်ရှိသွားခဲ့လေ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now