အခန်း (၆၂) : စန္ဒီ၏ သိမ်ငယ်မှု
"အသားကင်က အရသာရှိတယ်..." စန္ဒီက ငိုရှိုက်ရင်း ဖြေလိုက်သည်။ အဝါရောင်အနှစ်ကိုပြောနေစဉ်မှာ ဂူမန်မန်သည် ဘယ်ကြောင့် အသားကင်ကိုထည့်ပြောလဲဆိုတာ သူမ မသိပေမဲ့လည်း လူကိုယ်တိုင်မြည်းစမ်းဖူးသည့် သူမအနေနဲ့ အသားကင်ကို ပထမနေရာထားပြီး ဝင်ပြောသင့်သည်ဟု ထင်လိုက်သည်။
"ဒါက ဘယ်လိုလုပ်အရသာရှိတယ်လို့ ယူဆလိုက်တာလဲ.....နေထိုင်ရင်း ရရှိနေတဲ့အရာပဲလေ.... နည်းနည်းလောက်စောင့်ပေး..... နောက်ကျရင် ပိုအရသာရှိတာ လုပ်ပေးမယ်...." ဂူမန်မန်သည် စန္ဒီနောက်ကျောကို ပုတ်ပြီး ပြောလိုက်သည်။ ဂူမန်မန်သည် အစားအကြောင်းဆိုသည်နှင့် တဖြိတ်ဖြိတ်တောက်ပလာသည့် စန္ဒီမျက်လုံးတွေကိုကြည့်ပြီး အစားနှစ်သက်သူကို အစားနှင့် နှစ်သိမ့်တာထပ် ပိုကောင်းတာမရှိဘူးဟု သတိပြုမိလိုက်သည်။
စန္ဒီသည် ဂူမန်မန်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ပြီး တံတွေးမျိုချကာ ခေါင်းကိုယမ်းရင်း ပြောလိုက်သည် "ငါက သားရဲတစ်ဝက်အမျိုးသမီးတစ်ယောက်ပဲလေ..... ငါက အဲလိုကြင်ကြင်နာနာဆက်ဆံခံရဖို့ မထိုက်တန်ပါဘူး......."
ဂူမန်မန်သည် မျက်တောက်ခတ်နေရင်း ခေါင်းကိုစောင်းကာ မေးလိုက်သည် "သားရဲတစ်ဝက်က ဘာဖြစ်နေလို့လဲ....."
စန္ဒီသည် သူမနားရွက်အမွှေးပွပွလေးကို အားငယ်စွာ ထိကိုင်နေရင်း ငိုချင်သော်လည်း အတင်းပြုံးကာ ပြောလိုက်သည် "သားရဲတစ်ဝက်အမျိုးသမီးတွေက မျိုဆက်ပွားနိုင်ဖို့ ခက်ခဲတယ်...... ငါက အရွယ်ရောက်တာ နှစ်နှစ်ရှိပေမဲ့ အခုထိ ကလေးတစ်ယောက်မှ မရှိသေးဘူး.... အဲဒါကြောင့် နီနာဆီ ခဏတိုင်းအနိုင်ကျင့်ခံရတာ..... ငါ့အမျိုးသားတွေကိုလည်း နီနာပါတနာတွေက လှောင်ပြောင်ကြတယ်....."
ဂူမန်မန်သည် အားငယ်နေသည့် စန္ဒီကိုကြည့်ကာ သူမစိတ်ထဲ အနည်းငယ်နာကျင်လာခဲ့သည်။ နီနာပုံစံက စန္ဒီနှင့် ယှဉ်လျှင် သူမအမြင်အရ စန္ဒီသည် နီနာထက် ပိုလှပလေ၏။ သို့သော် စန္ဒီသည် နီနာအနိုင်ကျင့်မှုကြောင့် ခေါင်းမဖော်ရဲသည့်အချိန်တွင် ခေါင်းရှုပ်နီနာကို မျိုးနွယ်စုထဲ အလှဆုံးဟု သတ်မှတ်ထားကြသည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...