အခန်း (၈၃)

2.6K 272 2
                                    


အခန်း (၈၃) : လီရာကျောပေါ်မှ ဂူမန်မန်


ဂူမန်မန်သည် အလျှင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး သူမ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် ပြည့်နေလေသည်။

သားမွှေးချစ်သူတစ်ယောက်အနေဖြင့် ထိုအမြီးကြီးကြီးသည် အလွန်ဆွဲဆောင်မှုရှိလှသည်။

"မင်း ငါ့ကိုလက်ခံမယ်ဆိုရင်.... ဒီအမြီး....ပြီးတော့ ငါ့ခန္ဓာတစ်ခုလုံး မင်းအပိုင်ပဲ...." လီရာသည် ရှေ့သို့ တက်လှမ်းလာပြီး ဂူမန်မန်အရပ်နီးပါး ငုံ့၍ ပြောလိုက်သည်။ သူသည် သူ့၏ ပိန်သွယ်သောလက်မှ ချွန်ထက်သည့် လက်သည်ကို ရုတ်သိမ်းလိုက်ပြီးနောက် ကျန်ရှိနေသည်က ဖြူဖွေးနေ၍ သွယ်လျသော လက်သည်းသာကျန်ရှိလေ၏။ သူသည် ဂူမန်မန်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး အခုလက်ရှိထိတွေ့မှုနှင့် သူ့၏ ပရောပရည်လေသံပေါင်းလိုက်သည့်အခါ ဆွဲဆောင်မှုအရှိဆုံးဖြစ်သွားလေ၏။

"ဒါပေမဲ့....." ဂူမန်မန်သည် အမြီးကိုပွတ်သပ်မှုမှာ မျောပါနေပြီး အရသာတွေ့နေလေသည်။ သူမ၏ အသိဉာဏ်သည် လက်ရှိမှာရှိနေပေမဲ့လည်း အနည်းငယ်မျှသာ ကျန်ရှိနေလေ၏။

ဝှစ်~~~~

လီရာသည် အနည်းငယ်ဆွဲလိုက်သည့်အခါ ဂူမန်မန်ဖက်ထားသည့် သူမလက်ထဲမှ အမြီးသည် ချက်ချင်း လွတ်ထွက်သွားလေသည်။

ဂူမန်မန်သည် ဖမ်းယူရန် လက်ဆန့်လိုက်ပေမဲ့လည်း မမှီလိုက်ပေ။ တခြားတစ်ဖက်မှာ လီရာသည် နှင်းဖြူမြေးခွေးအဖြစ် ပြောင်းလဲသွားပြီး သန့်စင်မြင့်မြတ်သည့်ပုံကျန်ရှိနေရင်း ဂူမန်မန်အား ဆွဲဆောင်သည့် အကြည့်ဖြင့် ငေးကြည့်နေလေ၏။ သူသည် ရှေ့ခြေကို မြှောက်ကာ နှုတ်ခမ်းနားမှာထားလိုက်ပြီး ပန်းနုရောင်လျှာလေးထွက်လာကာ သူ့ဖဝါးကို လျှက်လိုက်လေသည်။

ဖူး.....

ဂူမန်မန်၏ သွေးသိုလှောင်ကန်သည် ဗလာကျင်းသွားခဲ့ပြီးနောက် သူမ၏ နောက်ဆုံးအသိဉာဏ်သည်လည်း လုံးဝပျောက်ဆုံးသွားလေပြီ။ သူမသည် လီရာဆီ ပစ်ဝင်ရင်း လည်ပင်းကို ဖက်ထားလိုက်ပြီးသူမကိုယ်တိုင် လီရာ၏ ဖြူဖွေးနေသည့် အမွှေးများကြားတွင် ပွတ်သပ်နေလေသည်။ မြက်နံ့သင်းသင်းလေးနှင့် လီရာ၏ တမူထူးသည့်အနံ့ရောနှောနေသည့် ရနံ့သည် သူမနှာခေါင်းကို လာရောက်ကျီစယ်လေသည်။ ထိုသည်က ဖုန်းကွယ်ထားပြီး မမြင်ရပေမဲ့ လူများသည် ပြန်ပေါ်လာရန် များစွာတောင့်တကြသည့်အရာ ဖြစ်လေ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now