chapter 89 (Z)

1.9K 141 10
                                    

အခန်း (၈၉) : ဒယ်ဒီလီရာက အရမ်းအားကိုးရတယ်


ဂူမန်မန်သည် စန္ဒီနှင့် လီရာဆီသို့ ခြေစုံခုန်ဝင်လာခဲ့သည်။ ထိုစဉ် လီရာသည် အဲလ်ဗစ် နတ်ဘုရားစင်မြင့်တွင် မီးစတင်ပြုလုပ်သည့်အခါက သင်ယူထားသည့် မီးတောက်အသေးလေးကို ပြုလုပ်ပြီးလေပြီ....

လီရာသည် မျက်မှောင်အနည်းငယ် ကျူံ့ထားလေသည်။ တိရစ္ဆာန်များ၏ အနံ့ခံအားသည် လူသားများထက် ပို၍ အလွယ်တကူ ခံစားသိရှိနိုင်လေသည်။ သားရဲများသည် တိရစ္ဆာန်များထက် ပို၍ အနံ့ခံကောင်းလေပြီး ထိုမီးခိုးများသည် လီရာအား အသက်ရှုမွန်းစေ၏။

ဂူမန်မန်သည် ရုပ်ချောသည့်သူများကို သနားလေ့ရှိသည့်သူဖြစ်ပြီး လီရာအခြေအနေမကောင်းသည်ကို မြင်၍ သူမနှလုံးသားသည် များစွာနာကျင်လာရ၏။ ထို့ကြောင့် သူမသည် လီရာလက်မှ သစ်သားချောင်းကို ယူကာ ပြောလိုက်သည် "ရှင်လုပ်တာပြီးပြီ..... ဒယ်ဒီလီရာ....သွားနားတော့လေ..... ဒီမှာ စန္ဒီနဲ့ ကျွန်မရှိနေမယ်လေ...."

လီရာနှုတ်ခမ်းသည် အနည်းငယ်ကွေးတက်သွားပြီး ဂူမန်မန် သူ့အတွက် ဂရုစိုက်ပေးသည်ကို သဘောကျလေ၏။  သူ့အမြီးဖြင့်ဝှက်ယူလိုက်ပြီး ဂူမန်မန်အား သူ့နောက်ထားလိုက်သည်။  သူ့ခန္ဓာဖြင့် မီးခိုးကို ကာထားလိုက်ပြီး သူမကို ညင်သာစွာ ကြည့်ကာ ပြောလိုက်လေ၏ "မင်းကို မွန်းစေလိမ့်မယ်.... အဲဆို ငါ့နှလုံးသားက နာကျင်ရလိမ့်မယ်...."

ဒုတ်.....ဒုတ်....

ဒယ်ဒီလီရာသည် မိန်းကလေးများကို မည်သို့ဆွဲဆောင်ရမည်ကို ကောင်းစွာသိပေသည်။ ဂူမန်မန်သည် သူ့အရိုးများအားလုံး ပြိုလဲသွားပြီဟု ခံစားလိုက်ရပြီး အားလုံးကို ဖမ်းစားနိုင်သည့် လီရာအပြုံးတွင် နှစ်မျှောသွားလုနီးပါးဖြစ်ခဲ့လေ၏။

မရဘူး....မရဘူး....

ဂူမန်မန်သည် တစ်ဖက်တွင် ကောင်းမွန်စွာထိုင်နေသည့် စန္ဒီအား ကြည့်ရန် ခေါင်းလှည့်လိုက်သည် "ဟိုးက ငုတ်တုတ်ထိုင်ပြီး အနံ့ခံနေတာ နင့်ပါတနာတွေလား...."

စန္ဒီသည် ဂူမန်မန်ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်ပြီး ဂူမန်မန်ဘက်ပြန်လှည့်ကာ ခေါင်းညိတ်ပြလိုက်သည် "ဟုတ်တယ်....ဘိုဒီနဲ့ ကျန်တဲ့သူတွေ...."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now