အခန်း (၃၇)

3.3K 346 5
                                    


အခန်း (၃၇) : ရှင်က ချောမောတဲ့အတွက် ရှင်ပြောသမျှ အဓိပ္ပါယ်ရှိတယ်


အဲလ်ဗစ်သည် ဂူမန်မန်ဘေးနား ခြေချိတ်ထိုင်ချလိုက်သည်။

အမှန်က.... သူသည် မီးတောက်နတ်ဆိုးကို ကြောက်ရွံလေသည်။

သို့ပေမဲ့ ဂူမန်မန်က မီးနှင့် နီးကပ်စွာထိုင်နေသည့်အချိန် မျိုးနွယ်စုရဲ့ခေါင်းဆောင်ဖြစ်ပြီး ပထမတန်းစားစစ်သည်တော်ဖြစ်သည့် သူက ဂူမန်မန်ထက် အဝေးမှာထိုင်နေ၍ မဖြစ်သင့်ပေ။ သူ၏ဂုဏ်သိက္ခာလိုချင်သေးရင်ပေါ့.......

ထို့အပြင် ဘာရီတီ သူက ထိုနေရာမှာ တစ်ချိန်လုံးဒူးထောက်နေပြီး တစ်လက်မတောင်မရွေ့ခဲ့ပေ။ ဘာရီတီက သူ့ထက်ပိုသတ္တိရှိသည်ဟု ဂူမန်မန်အား အထင်မခံနိုင်ချေ။

အဲလ်ဗစ်သည် 'လူကြမ်း' ဆိုသည့် အဓိပ္ပါယ်ကိုနားမလည်ပေ။ သို့ပေမဲ့ ထိုအရာကချီးကျူးမှုတစ်ခုဖြစ်ရမည်။

ဂူမန်မန်၏ အားကိုးဖွယ်ရာအကြည့်တွေက သူ့အတွက်သာ ဖြစ်သင့်သည်။

ထိုအရာကိုစဉ်းစားမိပြီး အဲလ်ဗစ်သည် ဂူမန်မန်ကို သူ့လက်မောင်းထဲ ပိုင်စိုးပိုင်နင်းဆွဲခေါ်လိုက်သည်။ ဂူမန်မန် ရုန်းကန်တာမြင်သည့်အခါ သူ့မျက်ခုံးတွေပင့်ပြီးပြောလိုက်သည် "အကူလေး..... မင်းပြောတော့ ငါ့နားက ခြေတစ်လှမ်းမှ မခွာဘူးဆို"

သေချာတာပေါ့.....ရှင်က ချောမောတဲ့အတွက် ရှင်ပြောသမျှ အဓိပ္ပါယ်ရှိတယ်.......

ဂူမန်မန်က ဆာလောင်မှုဖြင့် ယုန်သားကိုကြည့်လိုက် သူမကို လွှတ်မပေးသည့် အဲလ်ဗစ်ကို ပြန်လှည့်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူမက ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့် "ခေါင်းဆောင် ရှင်ရော ဗိုက်ဆာနေပြီမလား... ကျွန်မကို ရှင့်အတွက်အသားကင်ခိုင်းပြီး ရှားပါးတန်ဖိုးကြီးတဲ့ အစာ မြည်းစမ်းမကြည့်ချင်ဘူးလား"

"အသားကင်...." ဂူမန်မန်က ထူးခြားသည့်ကိုယ်ရောင်ကိုယ်ဝါတွေတောက်ပလာသည်ကို အဲလ်ဗစ်ခံစားမိလိုက်သည်။ သူမက လျို့ဝှက်ချက်တွေ၊ ပဟေဠိတွေ နှင့်ပြည့်နေသည့် ရတနာစံအိမ်နှင့်တူပြီး သူမလုပ်သမျှအပြုအမူတိုင်းက နှစ်သက်ကြည်နူးဖို့ကောင်းသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Onde histórias criam vida. Descubra agora