chapter 34 (Z)

2.7K 255 8
                                    


အခန်း (၃၄) : မီးစတင်မွှေးခြင်း


လီရာသည် ဒူးတစ်ဖက်ထောက်လျှက် ကျန်ရှိနေပြီး ဂူမန်မန်ရဲ့မေးဖျားကို ကိုင်ထားခဲ့သည်။ ထိုစဉ် သူက အဲလ်ဗစ်ဘက်ကို ခေါင်းအသာစောင်းပြီး တည်တည်ငြိမ်ငြိမ်ပြုံးပြလိုက်ပြီး ပြောလိုက်သည် "အဲလ်ဗစ်..."

လီရာအခေါ်ခံပြီးနောက် အဲလ်ဗစ်က ပြန်အသိဝင်လာခဲ့ပြီး သူ့၏သားရဲဖိအားကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မသာယာသည့်မြင်ကွင်းကို မမြင်ရန်အလို့ဌာ တခြားတစ်ဖက်သို့ အမြင်လွဲလိုက်သည်။

ဂူမန်မန်သည်လည်း အနည်းငယ်ပြောင်းလဲမှုကြောင့် ပြန်အသိဝင်လာခဲ့ပြီး အမျိုးသားတွေအပေါ်အောင်နိုင်မှုအတွက် သူမဘာသာထိုးနှက်ချင်နေပေမဲ့ သူမ ဘာမှမလုပ်နိုင်ခဲ့ပေ။ မစ္စတာဟိုလီ၏ ရုပ်ရည်က ဥပဒေကိုအရမ်းသွေဖယ်နေလေသည်။ အဲလ်ဗစ်က စစ်သားတစ်ထောင်နှင့်ရင်ဆိုင်နိုင်သည့် စစ်နတ်ဘုရားနှင့်တူလျှင် မစ္စတာဟိုလီက နှစ်တစ်ထောင်မြေခွေးနှင့်တူပြီး ကြည့်မိသူအပေါင်းကို ညို့ယူဖမ်းစားနိုင်စွမ်းရှိသည်။ ဟိုးတုန်းက မမှီနိုင်သည့်ပန်းဆိုတာ လေးနက်လွန်းနေပြီး သူ့ကိုအနီးကပ်သေချာကြည့်ပါက ဆက်တိုက်ကြည့်စေချင်တဲ့စိတ်ဖြစ်ပေါ်စေပြီး အားလုံးရဲ့အာရုံကို ဖမ်းစားထားလေသည်။

ဂူမန်မန်က နေရခက်စွာပြုံးလိုက်ပြီး မစ္စတာဟိုလီကို အဲလ်ဗစ်ချိုးထားတဲ့တုတ်ကို လှမ်းပေးလိုက်ပြီး "အချောလေး ...... ဒီမှာ အပေါက်သေးသေးလေး ဖောက်ဖို့ ရှင့်ကို ဒုက္ခပေးရတော့မှာပဲ"

လီရာက ခေါင်းညိတ်ပြလိုက်ပြီး ဂူမန်မန်ရဲ့မေးဖျားကို လွှတ်ပေးလိုက်သည်။ သူက သူ့ရဲ့ပိန်လျားပြီးဖြူဖျော့နေသည့် လက်ကိုဆန့်ထုတ်ရင်း မျက်စိရှေ့တင် လက်ညိုးလက်သည်းအရှည်က ငါးစင်တီမီတာလောက်ရှည်လာပြီး သစ်သားတုတ်ကို အသာထိခဲ့သည်။ ဂူမန်မန်ဆိုလိုသည့် အပေါက်သေးသေးလေးဖောက်ပြီးသွားပြီ ဖြစ်သည်။

ဂူမန်မန်က ပြန်ယူလိုက်သည်။

ဘယ်လိုလဲ..... ဒီလိုမျိုးကျွမ်းကျင်တာမျိုး တည်ရှိသေးတာလား....

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now