အခန်း ၃ : သူတော်စင် နဇိုင်းရယ် မျိုးနွယ်စု
သူတော်စင် နဇိုင်းရယ် မျိုးနွယ်စုမှာ အဲလ်ဗစ်က ဂူမန်မန်ကို ပွေ့ထားရင်းပေါ်လာတဲ့အခါ ဆူဆူညံညံဖြစ်သွားစေခဲ့တယ်။
အဲလစ်က အများနဲ့မတူတဲ့အကျင့်စရိုက်ရှိပီး အမတွေနဲ့ထိတွေ့တာကို အလွန်မုန်းတီးတဲ့သူဖြစ်တဲ့အတွက် ဖြစ်တယ်။ မျိုးနွယ်စုရဲ့ အလှဆုံးအမသတ္တ၀ါ နီနာက သူ့ကို မျက်နှာသာပေးကြောင်း မကြာခဏဖော်ပြလေ့ရှိပေမဲ့ သူက သူမကို ပုလိပ်ရောဂါလို ဝေးဝေးကရှောင်လေတယ်။ ရလဒ်အနေနဲ့ ယခုအချိန်ထိ တစ်ကိုယ်တည်းသမားအဖြစ် ကျန်ရှိနေပီး သူက အထီးတွေကိုသာစိတ်၀င်စားတာဖြစ်ကြောင်း ကောလဟာလတွေလဲ ပြန့်နေလေတယ်။
ယနေ့ သူက အမကို ဖက်ထားရင်း နယ်မြေထဲပေါ်လာခဲ့တယ်။ အာရုံစိုက်ခြင်းမရှိဘူးဆိုမှသာ ထူးဆန်းနေမှာ ဖြစ်လေတယ်။
အဲလ်ဗစ် လက်ထဲမှာရှိတဲ့ အမက သားကောင်ပေါက်လေးလိုမျိုး သေးငယ်လှတယ်။ သားရေက သူမခန္ဓာတစ်ခုလုံးကို ဖုံးအုပ်ထားပီး သူမရဲ့ ကြီးမားတဲ့မျက်လုံးသာ မြင်နေရပီး တောထဲမှာ မျက်စိလည်နေတဲ့ သမင်နဲ့တူလှပေတယ်။ သူမက ရိုးသားဖြူစင်တဲ့အငွေ့အသက်ရှိနေပီး သူမကိုပြုံးပြဖို့ကျရှုံးခဲ့လျှင် အားလုံးအနေနဲ့ အကြင်နာကင်းမဲ့တယ်လို့ ခံစားရစေမှာ သေချာတဲ့အချက်ဖြစ်တယ်။
သူတို့အနီးကပ်ကြည့်တဲ့အခါမှ ဒါက အဲလ်ဗစ်ရဲ့ ကိုယ်ပိုင်သားရေအထည်မဟုတ်ဘူးလား?
.အစ်.........
ဘာလုပ်ရမလဲ? အဲလ်ဗစ်က ဖုံးကွယ်ဖို့ကြိုးစားလေလေ အားလုံးကပိုသိချင်လေလေဖြစ်တယ်.........
"အဲလ်ဗစ် ဒီ အမသတ္တဝါငယ်လေးက ဘယ်ကရောက်လာတာလဲ?" တစ်ယောက်က ဆူညံနေတဲ့လူအုပ်ကြားကနေ ဦိးဆောင်မေးလိုက်တယ်။
အဲလ်ဗစ်က မျက်မှောင်ကျုတ်လိုက်ပီး မကျေမနပ်ခံစားလိုက်ရတယ် ........ ဒါပေမဲ့ အခုလူအုပ်ကြီးက အရမ်းကို များပြားလွန်းနေတယ်။ သူတို့ကို ဖြတ်ကျော်သွားဖို့ လွယ်ကူပေမဲ့လည်း ဒီလူတွေက သူ့မျိုးနွယ်စုထဲကသူတွေဖြစ်ပီး မကောင်းတဲ့ရည်ရွယ်ချက်မရှိကြလေဘူး......အကယ်၍ သူသာ အတင်းကျပ်ဖြတ်ကျော်သွားခဲ့ရင် သေဆုံးမှုနဲ့ ဒဏ်ရာရနိုင်မှုက သေချာပေါက်မရှောင်လွှဲနိုင်လေဘူး။
ESTÁS LEYENDO
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...