အခန်း (၂၂)

3.9K 386 8
                                    


အခန်း (၂၂) : အတူတူထွက်ပြေးရအောင်


ဂူမန်မန်သည် ဘာရီတီအား သစ်ပင်အောက်အထိ ခေါ်သွားခဲ့ပြီး ဒဏ်ရာကို အသေးစိတ် စစ်ဆေးလိုက်သည်။ သို့ပေမဲ့ ထူးဆန်းစွာ ဘာရီတီရဲ့ ခန္ဓာမှာ ပွန်းပဲ့ရာထပ်တိုးလာသည်ကလွဲလျှင် အပြင်းထန်ဆုံးဒဏ်ရာတောင် ပြန်ပွင့်လာတာမျိုုး သွေးထွက်လာတာမျိုုးစသည့် လက္ခဏာတွေ မတွေ့ရှိချေ။ ရေထဲမှာ အကြာကြီးနေခဲ့သောကြောင့် အဖြူရောင်သမ်းပြီး အရည်ပြားတွန့်နေခြင်းသာ ရှိ၏။

"ဘာရီတီ" ဂူမန်မန်သည် တစ်ခဏတာ တွေဝေသွားခဲ့သည်။ ဒဏ်ရာရနေသောသူကို ပါဝင်ပတ်သတ်ခိုင်းသည်က မကောင်းသည့်အရာဖြစ်ပေမဲ့လည်း နီနာဒဏ်ရာကိစ္စကို ထပ်ဖုံးကွယ်မထားနိုင်တော့ချေ။ အဲလ်ဗစ်နှင့် တခြားအမျိုးသားတွေက အချိန်မရွေးပြန်ရောက်လာနိုင်သည်။ ဂူမန်မန်အနေဖြင့် သူမ ကိုယ်ကျင့်တရားနှင့်ဆန့်ကျင်တဲ့ ပြဿနာကို ထည့်စဉ်းစားဖို့ အချိန်မရှိတော့ချေ။

"အင်း....." ဘာရီတီက ညင်သာစွာပြန်ဖြေလိုက်ပြီး သူ့မျက်လုံးတွေက အစတကည်းက ဂူမန်မန်ဆီက လွှဲသွားခြင်းမရှိပေ။

ဂူမန်မန်သည် သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှဆိုခင် စိတ်ထဲခဏတာ ရှုပ်ထွေးသွားခဲ့သည် "အတူတူ ထွက်ပြေးရအောင်"

"ထွက်ပြေးဖို့လား" ဘာရီတီက မဆန့်ကျင်ချေ။ အမျိုးသမီးတွေသည် အမြဲထိုသို့ ဖြစ်ပြီး သူတို့သွားမည်ပြောလျှင် သူတို့သွားကိုသွားလေသည်။

သို့ပေမဲ့ ထွက်ပြေးမှာ ဘာလဲ.....

ဂူမန်မန်သည် ဘာရီတီက သူမအား အရမ်းညင်သာသည်ဟု ခံစားရပြီး ထိုအခိုက်တန့်မှာ မှီခိုအားထားစရာ သူတစ်ယောက်သာ ရှိလေသည်။ သူမရဲ့ အကြောင်းမှန်ကိုတော့ ထုတ်မပြောချေ။ တကယ်တမ်းဆိုလျှင် ဒီမှာရှိသည့် အရာအားလုံးက ထူးဆန်းလွန်းသည်။ သူမ အားလုံးမသိမချင်း သူမကိုယ်သူမ လူသိခံ၍ မဖြစ်ပေ။

ထို့နောက် ဂူမန်မန်သည် အမှန်တဝက်နှင့် ပြန်ဖြေလိုက်သည် "ကျွန်မက နီနာကို ဒဏ်ရာရအောင် လုပ်ခဲ့တာ......အဲလ်ဗစ်နှင့် အခြားလူတွေ ပြန်ရောက်လာတဲ့အခါ ကျွန်မကို သက်ညှာပေးမှာ မဟုတ်ဘူး"

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now