အပိုင်း (၁၆)

4.6K 453 3
                                    


အခန်း (၁၆) : အမုန်းခံရသော ဘာရီတီ


"ဘာလို့ထွက်လာတာလဲ" အဲလ်ဗစ်က မေးလိုက်သည်။ ဘာကြောင့်ဆိုတာ မပြောနိုင်ပေမဲ့ ဂူမန်မန်နားမှာ တခြားယောကျာ်းသားတွေဝိုင်းပြီး မျက်နှာလိုမျက်နှာရလုပ်နေတဲ့ မြင်ကွင်းကိုလည်း မနှစ်သက်ချေ။ ဂူမန်မန်က စိတ်မဝင်စားဟန်ပခုံးတွန့်ပြလိုက်သည်။ သူမသာ ထွက်ပြေးဖို့ရည်ရွယ်ထားတဲ့အကြောင်းပြောခဲ့လျှင် အဲလ်ဗစ်က သူမကို လူမြင်ကွင်းမှာ အရှင်လတ်လတ်မျိုချပစ်မှာလား......

သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အဲလ်ဗစ်ရဲ့မနီးမဝေးမှာရပ်နေတဲ့ ဘာရီတီကို တွေ့လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအရွယ်စားမျိုးစုံနှင့် ပြည့်နှက်နေစဉ်မှာ သူ့ညာဘက်လက်က ပုံမှန်မဟုတ်တဲ့အမူအယာနဲ့ တွဲလျောင်းကျလျှက်ရှိနေသည်။ သို့သော်ငြားလည်း သူကမတ်မတ်ရပ်နေဆဲဖြစ်ပြီး အားနည်းနေတဲ့အမူအယာ လက္ခဏာတစ်ချက်လေးမှ မပြသလေချေ။ 

တိုက်ဆိုင်စွာြဖင့် ဒီလိုသွေးချွေးတွေနှင့် ပြည့်နေတဲ့ယောကျာ်းမျိုးက ဂူမန်မန်အသည်းစွဲပုံစံဖြစ်လေသည်။ ဒီအရာက 'နေမင်းရဲ့မျိုးဆက်သစ်များ' ဇာတ်လမ်းထဲက ယူရှီဂျင်း ရဲ့ပုံစံနဲ့ဆင်တူပြီး တိုက်ဆင်ရေးပြီးတဲ့နောက် ယူရှီဂျင်း ဒဏ်ရာရတာထက်ပိုပြီး ကြည့်ကောင်းသည်။ အလွန်အမင်းခန့်ညားနေတာ ရပ်တန့်လိုက်ပါတော့.......

ထို့နောက်မှာ ဂူမန်မန်က အဲလ်ဗစ်ကို ဖြတ်ကျော်သွားရင်း ဘာရီတီဆီ တန်းတန်းမတ်မတ်လျှောက်လှမ်းသွားပြီး ဘာရီတီရင်ဘတ်ပေါ်က ဒဏ်ရာတွေကို သူမလက်ချောင်လေးနှင့် ညင်သာစွာထိလိုက်ပြီး ပြောလိုက်သည် " ဒါကအရမ်းကို နာကျင်တယ်မလား"

ဘာရီတီက သူမရဲ့ရုတ်တရက်အလေးပေးမှုမှာ စိတ်နဲ့ကိုယ်နဲ့မကပ်သလိုဖြစ်သွားပြီး သူ့ခေါင်းထဲမှာ သွေးပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရသည်။ သူရဲ့ရူးသွပ်စွာ အဆက်မပြတ်ခုန်နေတဲ့နှလုံးခုန်သံအပြင် ဂူမန်မန်ရဲ့အသံကို စိတ်ထဲမှာ ထပ်ခါထပ်ခါကြားယောင်နေလေသည်။ "အရမ်းကိုနာကျင်တယ်မလား..... အရမ်းနာကျင်မှာပဲ....."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now