chapter 45 (Z)

2.6K 253 5
                                    


အခန်း (၄၅) : ကွာရှင်းချင်သည့် နီနာ


ခွန့်တ်က တစ်ဝက်တစ်ပျက်ဆန့်ထုတ်ထားသည့် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

မူလဆိုလျှင် သူက ဘာရီတီနှင့် သရေကျနိုင်ပြီး သူ့အင်အားကုန်သုံးလျှင် အနိုင်ရနိုင်သေးသည်။ သို့ပေမဲ့ အခုချိန် သူ့၏ ကျိုးနေသည့်လက်ဖြင့် ဘာရီတီကို မနိုင်နိုင်ချေ။

ထို့အပြင် ဂူမန်မန်မှာ ဘာရီတီတစ်ယောက်သာ ရှိရုံမဟုတ်ပေ။ အဲလ်ဗစ်နှင့် လီရာပါ ပါရှိလေ၏။

ခွန့်တ် လက်ကိုဖြေးညှင်းစွာချလိုက်ရင်း နောက်ဆုံးမှာ လက်သီးဆုပ်လိုက်တာကို မြင်ပြီး လီရာက အနည်းငယ်စိတ်ပျက်သွားသည့်အသံဖြင့် ပြောလိုက်သည် "ငါ နည်းနည်း ပညာပြဖို့ အခွင့်ရေးရပြီ ထင်တာ"

ခွန့်တ်က ပြန်မဖြေပေ။ သူ့အကြည့်တွေက သူရှေ့မှာ လဲကျနေသည့် နီနာပေါ်ရှိနေသည်။

နီနာက လီရာနှင့် ခွန့်တ်တို့ကြား စကားဝိုင်းအပြည့်အစုံကို ကြားခဲ့သည်။ သို့ပေမဲ့ ခွန့်တ်က သူမကို ကူညီဖို့ရန် တိတ်ဆိတ်စွာနေမည်ဟု မတွေးခဲ့ချေ။ ထိုအစား သူမက ခွန့်တ်ကို လူကြောက်အဖြစ်သတ်မှတ်လိုက်သည်။ သူက အဲလ်ဗစ်၊ ဘာရီတီနှင့် လီရာတို့ကို ကြောက်၍ ဂူမန်မန်အနိုင်ကျင့်မှုကို သူမအား ခံယူခိုင်းသည်ဟု တွေးထင်သွားသည်။

နီနာက သူမဒေါသတွေကို လီရာနှင့် အဲလ်ဗစ်ဆီပုံမချရဲချေ။ သို့ပေမဲ့ ခွန့်တ်ရှေ့တွင် သူမက အရမ်းယှဉ်ကျေးပြစရာမလိုပေ။

မြေပြင်ပေါ်လဲနေသည့် နီနာက သူမဒေါသကိ ပြသဖို့ရန် မြေကြီးကို လက်ဖြင့် အားကုန်ရိုက်လိုက်သည်။ သူမ၏ ကြက်မျက်လုံးတွေက ဟိုဟိုဒီဒီကြည့်နေပြီး သူမက ခွန့်တ်ကို လက်ညိုးထိုးကာ ပြင်းထန်စွာ အပြစ်တင်ကြိမ်းမောင်းလိုက်သည် "အသုံးမကျတဲ့အမှိုက် ဒီလိုကိစ္စသေးသေးလေးတောင် မဖြေရှင်းနိုင်ဘူး။ ငါအနိုင်ကျင့်ခ့နေရတာ ဒီအတိုင်း ထိုင်ကြည့်နေမှာလား.... ငါ့မှာ နင့်လို အသုံးမကျတဲ့အမျိုးသားမရှိဘူး..... ရှင့်ကို ကွာချင်းပစ်မှာ..."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora