အခန်း (၁၃) : ကြားဖြတ်သတင်း!!! သွေးဆုံးရှုံးမှုကြောင့် နှစ်တစ်ထောင်ဝံပုလွေ သေဆုံးခြင်း!
အဲလ်ဗစ်က သူ့သွေးတွေအေးခဲသွားသလို ခံစားလိုက်ရပြီး သူ့လက်ချောင်းတွေက လှုပ်ရှားဖို့ရာ အရမ်းထုံနေခဲ့သည်။ ဂူမန်မန်ကို အဖြူရောင်သားရေဝတ်စုံဝတ်ဆင်ပေးဖို့ရာ စိတ်ဆန္ဒဘယ်လောက်တောင်ရှိတယ်ဆိုတာ သူ မသိလေဘူး။ သူခံစားရတဲ့ သက်တောင့်သက်သာမဖြစ်မှုက သူမကိုဝတ်ဆင်ဖို့ကူညီပေးပြီးလျှင် လျော့နည်းသွားလိမ့်မယ်လို့ ယုံကြည်ခဲ့သည်။
ဒါပေမဲ့.......
တွေးထားခဲ့သလို ဖြစ်မလာခဲ့ဘူး.....
ကြီးမားတဲ့အဖြူရောင်ယုန်မွေးဝတ်စုံက အမွေးပွပွလေးနဲ့နူးညံ့နေပြီး နေလှမ်းစဉ်အတွင်းရှည်လျားတဲ့အမွှေးတွေကိုဖယ်ရှားခဲ့ပေမဲ့လည်း တစ်စင်တီမီတာလောက်ရှိတဲ့သားမွှေးတွေ ကျန်ရှိနေတာဖြစ်သည်။ အပြစ်အနာအဆာကင်းတဲ့ အဖြူရောင်သားမွှေးဝတ်စုံလေးက သူမရဲ့ပခုံးတွေကို ထုတ်ပြထားသလို ဖြစ်နေပြီး ဂူမန်မန်ကို ပိုချစ်ဖွယ်ကောင်းအောင်ထောက်ပံ့ပေးနေသည်။
ပခုံးအောက်မှာ ညီညာချောမွတ်နေတဲ့လက်ရှိနေပြီး ကြာပန်းဖြူနဲ့တူလှသည်။ အဲလ်ဗစ်ရဲ့ နှာခေါင်းက သူမကိုယ်သင်းနံ့နဲ့ပြည့်နေပြီး သူ့ရင်ဘတ်ထဲက နှလုံးသားက အဆက်မပြတ်ခုန်ပေါက်နေခဲ့သည်။ ဒါတွေက အရင်က သူ့လည်ပင်းကို ဖက်ခဲ့ဖူးတဲ့ လက်ဖြစ်သည်။ အေပုံသဏ္ဍာန် ခန္ဓာအသားမပေးတဲ့ ဝတ်စုံက ဂူမန်မန်ရဲ့ကောက်လိုင်းကို မရည်ရွယ်ဘဲ ပိုပြီးသိသိသာသာဖြစ်သွားစေခဲ့ပြီး သူ့အတွေးရိုင်းတွေ ဖြစ်ပေါ်လာစေခဲ့သည်။
အဲဒီနောက်မှာ သူမရဲ့တင်ပါးနေရာက ဝတ်စုံရဲ့ ဒုတိယကောက်လိုင်းဖြစ်နေပြီး သိသာစွာလှပတဲ့မြင်ကွင်းတစ်ခု ဖြစ်သည်။ ဝတ်စုံအနားသတ်က ဂူမန်မန်ရဲ့ ဒူးအထက်မှာ ရပ်တန့်သွားခဲ့ပြီး သူမရဲ့ဖြောင့်စင်းနေတဲ့ ခြေတံသွယ်သွယ်က ကျောက်စိမ်းပန်းပုလိုမျိုး ပြီးပြည့်စုံစွာ လှပလျှက်ရှိနေသည်။ အဲလ်ဗစ်က သူ့အဲလ်ဗစ်အသေးလေး အင်အားပြပြီး ခေါင်းထောင်လာတဲ့အချိန်အတွင်းမှာ သူ့နှာခေါင်းကနေ နွေးထွေးတဲ့အရည်တွေ တဟုန်ထိုး စီးဆင်းလာတာကို ခံစားမိခဲ့သည်။
VOUS LISEZ
အလှလေးရှောင်မန် (Beauty and the Beast) Book 1
Roman d'amourPoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...