အခန်း (၃၀)

3.6K 360 1
                                    


အခန်း (၃၀) : ပြစ်ဒဏ်ခံရသော ဘာရီတီ


ဂူမန်မန်သည် မဆေးကြောရသေးသည့် ယုန်သားကိုကိုင်ပြီး ပျော်ပွဲရွှင်ပွဲအတူဝင်နွဲရအောင် လူအုပ်ထဲတိုးဝင်လာခဲ့သည်။

ဂူမန်မန်၏ ရုပ်သွင်ပြင်က သေးကွေးပေမဲ့လည်း ဒီကမ္ဘာမှာ အမျိုးသားဦးရေနှင့်အမျိုးသမီးဦးရေ ကွာဟချက်ကြီးမားပြီး အမျိုးသားတွေက အမျိုးသမီးတွေကို မွေးရာပါအာရုံခံစားမှု ပါရှိလေသည်။ ထို့အပြင် ဂူမန်မန်က အလွန်ထူးခြားပြီး နှစ်လိုဖွယ်ကိုယ်သင်းနံ့ရှိသည်။ ထို့ကြောင့် အမျိုးသားအုပ်စုက ဂူမန်မန် လျှောက်လှမ်းလာသည်ကို မြင်သည်နှင့် ဘေးကိုကပ်ပေးပြီးသူမအတွက်လမ်းဖယ်ပေးခဲ့သည်။

"ဟမ် ကျေးဇူးပါ ကျေးဇူးတင်ပါတယ်...." သူမက ပျော်ပွဲရွှင်ပွဲဝင်နွဲချင်ပြီး သူမအတွက်လူတွေက လမ်းဖယ်ပေးကြသည်။ ထိုသို့ ကြုံတွေ့ဖူးတာ ဂူမန်မန်အတွက်ပထမဆုံးဖြစ်ပြီး သူမကရှေ့ဆက်လျှောက်ရင်း ကျေးဇူးတင်ကြောင်းပြသသွားခဲ့သည်။ လူအုပ်ရဲ့အခြားတစ်ဖက်မှာ သူမက ရင်းနှီးနေတဲ့ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

"ဘာရီတီ...."ဂူမန်မန်၏ မျက်နှာက မယုံကြည်နိုင်မှုနှင့်ပြည့်သွားပြီး မျက်လုံး ပြူးကျယ်သွားခဲ့သည်။

ဘာရီတီသည် ကျောက်တုံးအကြီးကြီးပေါ် ခွန့်တ်နှင့်အတူဒူးထောက်နေသည်။ ကျောက်တုံးက လူ့အရပ်တစ်ဝက်စာလောက်မြင့်ပြီး ပျမ်းမျှအားဖြင့် မျက်နှာပြင်က ငါးမီတာ ခြောက်မီတာပတ်လည်လောက် ကျယ်ဝန်းပေသည်။ ကျောက်တုံးတစ်ခုလုံးက အကာအကွယ်မရှိဘဲ ဟင်းလင်းပြင်မှာဖြစ်သည်။ ဘာရီတီနှင့် ခွန့်တ်တို့ ဒူးထောက်နေတာဘယ်လောက်ကြာပြီဆိုတာ ဘယ်သူသိမှာလဲ........သူတို့နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းတွေကွဲခြောက်နေသည့်အထိဖြစ်နေပြီး ပါးစပ်ကခြောက်သွေ့နေပေမဲ့ ဘာရီတီက သူရဲ့သန်မာယောကျာ်းဆန်တဲ့ ပုံရိပ်ပျက်မသွားဘဲ အခုထိ မတ်မတ်ဒူးထောက်နေဆဲဖြစ်သည်။

သို့ပေမဲ့လည်း ဘာရီတီဘေးမှာ ဒူးထောက်နေသည့် ခွန့်တ်က ပိုပြီးကြေကွဲဖွယ်ကောင်းလေသည်။ သူ့လက်က သွေးထပ်မထွက်တော့ပေမဲ့လည်း သူ့ပုံက အားနည်းနေတဲ့ပုံပေါ်ပြီး သူ့နှုတ်ခမ်းတွေလည်း ကြောက်မက်ဖွယ် ဖြူဖျော့နေသည်။ သူ့အခြေအနေကိုကောက်ချက်ချရလျှင် နေရောင်အောက်မှာ သူ့နဂိုပုံစံပြန်ပြောင်းတာအသာထား ....... သုံးရက်မတိုင်ခင် သူက အသားကင်ဖြစ်တော့မှာ သေချာသလောက်ဖြစ်နေလေပြီ........

အလှလေးရှောင်မန် (Beauty and the Beast) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ