အခန်း (၈၈)

2.5K 233 0
                                    


အခန်း (၈၈) : မကြုံတွေ့ဖူးသည့် အတွေ့အကြုံအသစ်


လီရာသည် ဂူမန်မန်ကို ညင်သာစွာ လွှတ်ပေးလိုက်ပြီး မြေကြီးပေါ်ချပေးလိုက်သည်။ ထို့နောက် သူက အမြီးကို ဖြည်းညှင်းစွာ အဆုံးအထိ ဆန့်ထုတ်ပြီး ဂူမန်မန် စန္ဒီဆီသွားရာအထိ ဆန့်ထုတ်လိုက်သည်။ သူအမြီးဖျားသည် သူမဆီ မရောက်နိုင်တော့သည်အခါ လီရာသည် သူအမြီးကို ရုတ်သိမ်းလိုက်ပြီး ဂူမန်မန်၏ တောက်ပြောင်နေသည့် အပြုံးကို ကြည့်ကာ သူနှလုံးသားသည် ဂူမန်မန် စောစောက ပြောသည့်အတိုင်း ကြားယောင်လာလေသည်။

ဒီကမ္ဘာက အရမ်းလှပလွန်းသည်

မှန်ကန်သည်....အရမ်းကို လှပပေ၏....

အရင်က ထိုသို့မဟုတ်ခဲ့ပေ....

လီရာက  စတင်၍ မီးမွှေးလိုက်သည်။ သူသည် မီးတောက်နတ်ဆိုးကို ကြောက်ပေမဲ့လည်း ဂူမန်မန် အစာစားသည့်အခါ လိုအပ်သောအရာဖြစ်၍ သူ့အရိုးများပင် လောင်ကျွမ်းသွားပါစေ ဂရုမစိုက်ပေ။

တစ်ဖက်တွင် ဂူမန်မန်သည် စန္ဒီဆီသို့ ပျော်ရွှင်စွာ ပြေးလွှားသွားလေသည်။ သူမ သယ်ဆောင်လာသည့် အရာကို ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် မေးလိုက်သည် "ပစ္စည်းတွေအများကြီးနဲ့ ဒီလာတာလား....."

စန္ဒီသည် ဂူမန်မန်ကို ပစ္စည်းတစ်ချို့ပေးလိုက်ပြီး ပြောလိုက်သည် "နင်ကထွက်သွားပြီး ....အားလုံးပေးထားတဲ့ အဝါရောင်အနှစ်ကို ယူဖို့ မေ့သွားလို့လေ...."

ဂူမန်မန် ရုတ်တရက်မှတ်မိပြီးနောက်တွင် သူမ နဖူးကို ပြန် ပုတ်လိုက်မိသည်။ ထို့နောက် သူမသည် ငွေတိုးချေးစားသည့်သူပုံစံဖြင့် လက်ဖဝါးအချင်းချင်း ပွတ်သပ်လိုက်သည် "အာ.... ဟုတ်သား.... ဒါကကောင်းတယ်..... စန္ဒီ နင်က ငါ့အတွက် ကံအကောင်းဆုံးကြယ်လေးပဲ..... ကွက်တိပဲ.... အဲလ်ဗစ်လည်း အမဲလိုက်ဖို့ ထွက်သွားတာ...... ခဏနေရင် ပျားရည်နဲ့ အသားကင်စားရအောင်...."

စန္ဒီသည် ဂူမန်မန်က သူမ၏ မူလမျိုးနွယ်စုတွင် ထိုအဝါရောင်အနှစ်ကို ပျားရည်ဟု ခေါ်ကြောင်း အမှတ်ရလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Tempat cerita menjadi hidup. Temukan sekarang