chapter 95 (Z)

1.9K 145 3
                                    


အခန်း (၉၅) : ဘာကြောင့် အခုထိ လိင်ခွဲခြားနေဦးမှာလဲ

 ဂူမန်မန်၊ အဲလ်ဗစ်နှင့် လီရာတို့ စမ်းချောင်းသို့ ရောက်သည့်အခါ နှာခေါင်းသွေးယိုမှုသည် ရပ်တန့်သွားခဲ့ပြီဖြစ်ပေမဲ့ သူတို့ဒီအထိ လာခဲ့ရသည့်အတွက် သူမသည် မျက်နှာကို သေချာအားရစွာ ဆေးကြောလို့ရပေသည်။

ဂူမန်မန်သည် အင်္ကျီလက်ကို ခေါက်တင်ရင်း မျက်နှာသစ်ခါနီးဆဲဆဲတွင် သူမနောက်မှ တဒုန်းဒုန်းမြည်သံကို ကြားလိုက်ရသည်။ စမ်းချောင်းကမ်းစပ်တွင် ထိုင်နေသည့် ဂူမန်မန်သည် ချက်ချင်း တောင့်တင်းသွားခဲ့၏။ ဒါက ဘယ်လိုအခြေအနေမျိုးလဲ..... ဒဏ်ရာများနှင့် ယောင်ကိုင်းနေသည့် အမျိုးသားသည် ထိတ်ထိတ်ပျာပျာ ပြေးလာပြီး သူသည် တစ်စုံတစ်ယောက်ကို နောက်ဆုံးအနေဖြင့် မြင်နေရသကဲ့သို့ ကြည့်နေလေသည်။

ဂူမန်မန်သည် မြေပြင်ပေါ် အမြစ်တွယ်ထားရင်း ခေါင်းကိုစောင်းလိုက်သည်။ လူထုကြားမှ စန္ဒီသည် အပြေးအလွှားထွက်လာပြီး သူမကို ဖက်လိုက်သည့်အချိန်တွင် သူမသည် ဘာဖြစ်တာလဲဟု မေးရမည့်အချိန်မရှိပေ။ စန္ဒီမျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေပြီး ရည်ရွတ်လိုက်သည် "မှန်မှန်ပြော.... နင် ဘာဖြစ်နေတာလဲ....မြန်မြန် ငါ့ကို ပြောပြ....."

"ငါက..... ငါကအပူများတာကြောင့် နည်းနည်း ခံစားရရုံလေ'ပါ....." ဂူမန်မန်သည် ရိုးသားစွာ ဖြေလိုက်သည် "မြင်လား.... အခုမျက်နှာသစ်လိုက်တော့ ကောင်းသွားပြီ..."

စန္ဒီသည် သူမအား မယုံကြည်ပေ။ ဂူမန်မန်မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး နှာခေါင်းပေါက်ကို ကြည့်ရန် ကြိုးစားလိုက်သည်။ စစ်ဆေးပြီးနောက် သူမသည် မလုံလောက်သေးဟု ခံစားလိုက်ပြီး သူမနှာခေါင်းအနားသို့ ကပ်ကာ အနံ့ခံလိုက်သည်။ သူမနှာခေါင်းမှ သွေးမထွက်တော့တာသေချာပြီးသည့်နောက်တွင် သူမမကျေနပ်ချက်များကို သနားစဖွယ် ထုတ်ဖော်ပြောလိုက်သည် "နင်နေမကောင်းဖြစ်ရင် ငါ့ကို ဖုံးကွယ်မထားနဲ့နော်...."

"ငါအဆင်ပြေတယ်.... အဆင်ပြေတယ်.... စိတ်မပူနဲ့... ငါကောင်းသွားပြီ...." ဂူမန်မန်သည် စန္ဒီ၏ ပခုံးကို ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now