chapter 5 - zawgyi

5.3K 452 7
                                    


အခန်း (၅) : မျိုးနွယ်စုရှိ အလှပဆုံးသော သူမ


ဘာရီတီရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုက အဲလ်ဗစ်အနေနဲ့ စော်ကားမှုတစ်ခုလို့ မြင်ပြီး အဲလ်ဗစ်က နှုတ်ခမ်းကို မတူမတန်လှောင်ပြုံးအဖြစ် ပြောင်းလဲလိုက်တယ်။ သူ့ဆီက လူကို လုယူချင်တာလား? မင်းအသက်ရှင်ရတာ ငြီးငွေ့နေပြီလား!!

အဲလ်ဗစ်က ဘာရီတီဘေးနားလာရပ်ပြီး ဘာအလေးချိန်မှမရှိဟန်ရတဲ့လက်ကို ဘာရီတီရဲ့ ပခုံးပေါ်တင်လိုက်တယ်။ စက္ကန့်ပိုင်းလေးအတွင်း ဘာရီတီရဲ့ မျက်နှာက ရှုံ့မဲ့လာခဲ့တယ်။ သူပခုံးပေါ်က နာကျင်မှုမခံစားရခင် ဘာရီတီက သူ့အရိုးကျိုးသံကို ကြားလိုက်ရတယ်။

ဘာရီတီက အဲလ်ဗစ်ကို အံ့သြတကြီးကြောက်လန့်တကြားကြည့်လိုက်မိတယ်။ သူက သူဘာအမှားလုပ်မိလဲဆိုတာကို မသိလေဘူး။ အဲလ်ဗစ်က ရုတ်တရက်ကြီး ဒေါသထွက်လာတာလဲ?

"ဖယ်!! ငါရှေ့ကဖယ်စမ်း" တစ္ဆေသံနဲ့တူတဲ့ အသံပေါ်လာပြီး အရာအားလုံးတိတ်ဆိတ်သွားခဲ့တယ်။ အဲနောက် ရပ်တန့်သွားခဲ့တဲ့ ကမ္ဘာကြီးက ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့တယ်။

အထီးတွေအတွက် တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်တာက ပုံမှန်ကိစ္စဖြစ်တယ်။ အဲလ်ဗစ်က နောက်လိုက်မျိုးနွယ်စုတွေကြား ဝင်ပါလေ့မရှိပေမဲ့ ဘာရီတီက တိုက်ခိုက်ရေးသမားဖြစ်တဲ့အတွက် အဲလ်ဗစ်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့စွမ်းဆောင်ရည်စမ်းသပ်တာက ပုံမှန်ဖြစ်တယ်။ ဘာရီတီက မိန်းကလေးငယ်လေးကို စောင့်ရှောက်ခွင့်တောင်းဆိုတဲ့အတွက် သူ့ကိုမစမ်းသပ်ဘဲ ဘယ်လိုခွင့်ပြုနိုင်ပါ့မလဲ?

ဒါကို စိတ်ထဲမှာထားပြီး အတွေ့ကြုံမရှိတဲ့ အထီးတွေကို ငြင်းပယ်ခဲ့ကြတယ်။

ဝိုင်းအုံနေတဲ့လူအုပ်ကြား ကွက်လပ်ဖြစ်ပေါ်လာပြီးနောက် အဲလ်ဗစ်နဲ့ ဂူမန်မန်ဘေးနား ပတ်လည်ရှိနေတဲ့ အထီးအားလုံးဘေးကပ်သွားကြပြီး ရှင်းလင်းနေတဲ့လမ်း ဖြစ်ပေါ်လာတယ်။

တခြားသူတွေထက် သိသိသာသာအရပ်ပုပြီး မှင်စာနဲ့တူတဲ့သူက ခေါင်းကိုမော့ရင်း လျှောက်လှမ်းလာခဲ့ပြီး အဲလ်ဗစ်ရဲ့ ခြေတစ်လှမ်းအကွာမှာ ရပ်တန့်သွားခဲ့တယ်။ သူမရဲ့ ရှုပ်ထွေးစီးကပ်နေတဲ့ဆံပင်ကို ကစားရင်း ဂုဏ်ယူတဲ့ကိုယ်နေဟန်ထားနဲ့ရှိနေပြီး လေသံအမြင့်နဲ့ ပြောလိုက်တယ်။ " အဲလ်ဗစ် ရှင်ပြန်ရောက်လာပီ"

အလှလေးရှောင်မန် (Beauty and the Beast) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ