အခန်း (၉၃)

2.3K 223 7
                                    


အခန်း (၉၃) : အမျိုးသားများကို အိမ်မွေးသားရဲအဖြစ် မွေးမလို့လား....


"ကောင်းပြီ..." အဲလ်ဗစ်သည် အကြောင်းရင်းကို ဂရုမစိုက်ပေမဲ့ သူမက ထိုအရာကို ပြောသရွေ့ သူက နာခံရန် ဆန္ဒရှိလေ၏။

ဂူမန်မန်သည် ယုန်လေးကောင်ကို ဖြေပေးလိုက်ရင်း စန္ဒီဆီ လှမ်းမပေးခင် အနီးနားရှိ သစ်ပင်သို့ သစ်နွယ်ချိုးရန် သွားခဲ့လေသည်။ သစ်နွယ်သည် မထူပေမဲ့ ချိုးဖို့ရန် အားအနည်းငယ်တော့ လိုအပ်လေသည်။ ဂူမန်မန်သည် သူမအရည်ပြားကွာသည်အထိ ဆွဲပေမဲ့ သစ်နွယ်နှစ်ခု သုံးခုသာ ဆွဲယူလို့ရခဲ့သည်။ သူမသည် နွယ်ပင်ကို ဆွဲထားရင်း အဲလ်ဗစ်ကို လှည့်ကြည့်ကာ ပြောလိုက်လေသည် "ခေါင်းဆောင်....ကူပါဦး..."

"အင်း..." အဲလ်ဗစ်မျက်လုံးသည် အလိုလိုက်မှုဖြင့် ပြည့်နေလေသည်။ သူသည် ရှေ့သို့ ဖြေးညှင်းစွာ လျှောက်လှမ်းလာပြီး အနည်းငယ်ဆွဲပေးလိုက်သည်။ သစ်နွယ်များသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

"ရပြီလား..." အဲလ်ဗစ်သည် သစ်နွယ်များကို ကောက်ယူနေသည့် ဂူမန်မန်ကို ကြည့်ကာ မေးလိုက်သည်။

"အင်း....ရပြီ..ရပြီ...." ဂူမန်မန်သည် ကျေနပ်စွာဖြင့် အသုံးဝင်သည့် သစ်နွယ်များကို ရွေးယူပြီး စန္ဒီဆီ သွားခဲ့သည်။ ခြေချိတ်ထိုင်လိုက်ပြီး သူမသည် နွယ်ပင်များကို တစ်ခုနှင့်တစ်ခု ရစ်ပတ်လိုက်ပြီး သူမလက်ဗလာဖြင့် ရိုးရှင်းသည့် လှောင်အိမ်ကို ပြုလုပ်လိုက်သည်။ သူမသည် ရက်လုပ်ရင်း မေးလိုက်သည် "ခေါင်းဆောင်.... ယုန်ပဲ ရလာတာလား.... အခြားဟာ မပါဘူးလား...."

"ဟမ်..." အဲလ်ဗစ်မျက်လုံးသည် ရယ်ချင်စိတ်ဖြင့် တလက်လက် တောက်ပလာ၏။

သူအနေဖြင့် နတ်ဘုရားအမှာပါးသူသည် ယုန်သားကိုသာ စားသည်ဟု ထင်၍ ပြန်လာသည့် တစ်လျှောက်လုံး စိတ်ပူလာခဲ့သည်။ အကြောင်းရင်းက ဆောင်းတွင်းတစ်လျောက်လုံး သူမအတွက် ယုန်ဖမ်းရန် မလုံလောက်မှာ စိုးရိမ်၍ ဖြစ်၏။ ထို့သို့ဆိုလျှင် သူမ၏ အသက်ရှင်နိုင်နှုန်းသည် တိုးပွားလာလိမ့်မည်..... ထို့ထက်ကောင်းသော အရာ မရှိပေ....

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now