စာစဉ် (၄)
အခန်း (၆၃) : ခေါင်းဆောင်က သူမကို အချစ်ပြိုင်ဖက်အဖြစ် မြင်တာလား
ဂူမန်မန်သည် မိမိဘာသာ ခေါင်းကို ပိတ်ရိုက်မိလိုက်လေ၏။ အသက်ရှင်ဖို့ရန် ဘာမျှမကျန်တော့သည့်အချိန်တွင် ဘာအဓိပ္ပါယ်ရှိမှာလဲ....... အဆိုးဆုံးသူငယ်ချင်းရှိခြင်းလို့ ဆိုရမလား....
ဂူမန်မန်သည် စန္ဒီ၏ စိုးရိမ်ပြီး ရိုးသားမှုကို မြင်လိုက်သည့်အခါ သူမသည် ထိုစကားအသုံးနှုန်းနှစ်ခုအကြောင်း နက်ရှိုင်းစွာ နားလည်သွားခဲ့လေ၏။
သို့ပေမဲ့လည်း ဂူမန်မန်သည် စန္ဒီကို မစနောက်ခင်မှာ သူမတစ်ကိုယ်လုံး အဲလ်ဗစ်ရင်ခွင်ထဲ ကျရောက်သွားသကဲ့သို့ နောက်ကျောဘက်မှ နွေးထွေးမှုကိုခံစားလိုက်ရသည်။
"ခေါင်းဆောင်လား...." ဂူမန်မန်သည် အဲလ်ဗစ် ရုတ်တရက်ဘာဖြစ်သွားမှန်း နားမလည်တော့ချေ။ နောက်ကဖက်ပြီး သတ်တာလား..... မစားဘူးလို့ ကတိပေးထားတယ်လေ..... ဒါပေမဲ့ အဲလ်ဗစ်ပါးစပ်ဟလိုက်တယ်လို့ ခံစားမိနေတာလဲ...... သူမနောက်ကနေ သူမလည်ပင်းကို ကိုက်ဖို့ အဆင့်သင်ဖြစ်နေပြီလား.....
"ရှင်ပြောတော့ .......ကျွန်မကို...မ....မစားဘူးဆို.....ဟင့်....ဟင့်..." ဂူမန်မန်၏ နှလုံးသားနုနုလေးက တုန်ယင်သွားလေ၏။
"လီရာက ဂူထဲမှာ အခံတွေပြင်ပေးထားတယ်..... အခု ဂူထဲမှာ ရှိတယ်....." အဲလ်ဗစ်သည် ဂူမန်မန်က နတ်ဘုရားလောကတွင် ထိုသို့အကြောက်တရားဖြင့် နေနေရသည့် ဘဝကို သနားသွားသည်။ ထို့ကြောင့် သူမသည် အမြဲတမ်းသတိထားပြီး လူတွေ သူမကိုစားမှာ ကြောက်ရွံနေသလိုမျိုး ဖြစ်နေတာ ဖြစ်ရမည်။
သူက အရှုံးသမားတစ်ယောက်လို ခံစားမိသည်။ သူမကို ကာကွယ်ပေးမည်ဟု အလေးနက်ကတိပေးထားသည့်တိုင် သူမကို ကြောက်ရွံနေဆဲဖြစ်သည်။ သူမကြောက်ရွံစိုးထိတ်နေသည့်ပုံက ယုန်လေးနှင့် တူပြီး လူတွေက ကာကွယ်ပေးချင်ပြီး သူမအတွက် နှလုံးသားနာကျင်ရသည်။
"အမ်..." ဂူမန်မန်သည် ငြီးငြူလိုက်သည်။ စန္ဒီဆီကနေ ဘာကြောင့် သန့်ရှင်းရေးအခံကို ဌားမိတာလဲ.....
DU LIEST GERADE
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomantikPoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...